
ဧပြီ ၃ ၊ နေပြည်တော်
မြန်မာနိုင်ငံရဲ့ (၁၁) ယောက်မြောက်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပြည်ထောင်စုလွှတ်တော်က ရွေးချယ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့ ဧပြီလ ၃ ရက်နေ့ မနက်ပိုင်းမှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးပွဲမှာ ဒုတိယသမ္မတသုံးဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၊ ဦးညိုစော နဲ့ ဒေါ်နန်းနီနီအေးတို့ကို မဲပေးရွေးချယ်ခဲ့ကြတာပါ။
ပြည်ထောင်စုလွှတ်တော်ကနေ မဲအများဆုံးနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတဖြစ်လာပြီး ဦးညိုစောက ဒုသမ္မတ(၁) ၊ ဒေါ်နန်းနီနီအေးက ဒုသမ္မတ (၂) ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သူ့ကို ထောက်ခံမဲ (၄၂၉)မဲ နဲ့ ဦးညိုစောက (၁၂၆)မဲ ၊ဒေါ်နန်းနီနီအေးက (၂၉)မဲ စသဖြင့် မဲတွေအသီးသီးရရှိခဲ့ကြပါတယ်။
ကာချုပ်သက်တမ်း ၁၅ နှစ်ပြည့်ပြီးတဲ့နောက် ကာချုပ်တာဝန်ကိုစွန့်လွတ်ပြီး သမ္မတအဖြစ် ပြည်သူ့လွှတ်တော်ကနေ အဆိုတင်သွင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။
သူဟာ လက်ရှိမှာလည်း ယာယီသမ္မတ တာဝန်ကိုလည်း ၂၀၂၄ ခုနှစ်ကတည်းက ရယူထားတာ ဒီနေ့အထိလည်းဖြစ်ပါတယ်။
စစ်တပ်တက္ကသိုလ်အပတ်စဉ် ၁၉ မှာတက်ရောက်ခဲ့ပြီး တပ်မ ၃၃ ၊ တပ်မ ၄၄ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသလို အမှတ် (၂) စစ်ဆင်ရေးအထူးအဖွဲ့မှူးတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သူပါ။
လက်ရှိမှာ သူ့ကို အမေရိကန် ၊ ဥရောပသမဂ္ဂတွေနဲ့ နိုင်ငံတကာကရဲ့ ပိတ်ဆို့အရေးယူမှုတွေခံနေရဆဲလည်းဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဖြစ်ကြောင်း မဲခွဲအတည်ပြုပြီး နာရီပိုင်းအကြာမှာပဲ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဲက အင်အားအကြီးဆုံးဖြစ်တဲ့ UWSA “Wa” တပ်ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာကို ဦးဆုံးပေးပို့ခဲ့ပါတယ်။
ကာချုပ်တာဝန်ထမ်းဆောင်စဉ်ကာလမှာလည်း နိုင်ငံတော်တည်ငြိမ်ရေးကိုဆောင်ရွက်နိင်ခဲ့ပြီး တည်ငြိမ်တိုးတက်ရေးတွေကိုအောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တာတွေကို ချီးကျူးထိုက်တယ်လို့ ပြောပါတယ်။
ဝ ဒေသတွေဟာ ပြည်ထောင်စုထဲကနေ ခွဲထွက်မရတဲ့အစိတ်အပိုင်းတစ်ခဖြစ်ပြီး နိုင်ငံတော်ထဲကနေ ခွဲထွက်တာ ၊ သီးခြားလွတ်လပ်ရေးကြေညာခြင်းမရှိစေရေကို အခိုင်အမာရပ်တည်ထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံကလည်း မစ္စတာ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြောက်မှုအပေါ် ဂုဏ်ပြုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောနင်က ပြောပါတယ်။
တရုတ်-မြန်မာ အေးအတူပူအမျှ ကံကြမ္မာတူ အသိုက်အဝန်းတည်ဆောက်ရေးတွေမှာ ကောင်းကျိုးတွေပိုရှိစေဖို့ တွန်းအားပေးပြီး နှစ်နိုင်ငံအကျိုး ဆောင်ကြဉ်းပေးဖို့ ဆန္ဒရှိတယ်လို့ တရုတ်နိုင်ငံက ပြောဆိုပါတယ်။
