မြို့သိမ်းတိုက်ပွဲကို TNLA နဲ့အတူ နွှဲခဲ့တဲ့ လီဆူတပ်ဖွဲ့ဝင်တွေ စစ်တပ်နဲ့ပြန်လည်ပူးပေါင်း 

၁၀၂၇ စစ်ဆင်ရေးအတွင်းတွေ့ရသည့် TNLA တပ်သားများ

အောက်တိုဘာ (၂၁)၊ မိုးကုတ်

တအာင်း(ပလောင်)တပ် TNLA နဲ့အတူ မိုးကုတ်၊မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေမှာ အတူနွှဲခဲ့ကြတဲ့ ဦးဂူဆီးဦးဆောင်တဲ့ လီဆူတပ်တွေဟာ စစ်တပ်နဲ့အတူ ပြန်ပေါင်းလိုက်ပြီဖြစ်တယ်လို့ TNLA ဘက်က အသိပေးထားပါတယ်။ 

အောက်တိုဘာ (၁၃ ) ရက်နေ့က ဦးဂူဆီးဦးဆောင်တဲ့ လီဆူတပ်ဖွဲ့ဝင် (၅၀) ကျော်ဟာ လက်နက်၊ခဲယမ်း(၅၀) နဲ့ အတူ စစ်တပ်ထံ သွားရောက်ပူးပေါင်းသွားတာဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် တပ်ဖွဲ့ဝင်များ လိုက်နာစောင့်ထိန်းရတဲ့  ကတိသစ္စာကိုဖောက်ဖျက်ခဲ့မှုကြောင့် PSLF/TNLA ဘက်က လီဆူတပ်ဖွဲ့နဲ့ကင်းကွာပြီဖြစ်ကြောင်းကို အသိပေးလာတာပဲဖြစ်ပါတယ်။

ဦးဂူဆီး တပ်ဖွဲ့တွေအနေနဲ့ ပြည်သူတွေကို ဖိနှိပ်တာတွေ ပြုလုပ်လာရင်တော့  အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်းကိုလည်း စာထဲထည့်သွင်းပြောဆိုထားတယ်လို့သိရပါတယ်။

မြို့သိမ်းတိုက်ပွဲပြီးတဲ့နောက် မိုးကုတ်မြို့လုံခြုံရေးအတွက် ဦးဂူဆီး တပ်ဖွဲ့တွေက တာဝန်ယူဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်က   မိုးကုတ်နဲ့ မိုးမိတ်မြို့ ကို စစ်တပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးတဲ့နောက် အဲဒီလီဆူတပ်ဖွဲ့တွေဟာ ဇာတိမြို့အတွင်းကို ပြန်လည် ဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

မိုးကုတ်မြို့နယ်အတွင်းမှာတော့ ၂၀၂၆ ခုနှစ် ဧပြီလကစပြီး တပ်ဖွဲ့အသီးသီးက စစ်ရေးလှုပ်ရှားမှုရပ်တန့်သွားသလို မိုးမိတ်မြို့နယ်ထဲမှာသာ စစ်တပ်နဲ့ KIA+PDF တပ်တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာတော့ စစ်တပ်နဲ့ ပြည်သူ့စစ်တွေဟာ အုပ်ချုပ်ရေးယန္တရားပြန်လည်ပတ်ရေး ၊  မြို့ပြန်လည်တည်ဆောက်ရေးနဲ့ လာမယ့်နှစ်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲတွေအတွက် အိမ်ထောင်စုစာရင်းကောက်ယူမှုတွေကို ပြုလုပ်နေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *