NCA စာချုပ်ကို စက္ကူစုတ် လို့ဝေဖန်မှုအပေါ် စစ်ကော်မရှင်က ပြန်ရှင်း 

အောက်တိုဘာ ၁၆၊ နေပြည်တော်

NCA စာချုပ်ကို စက္ကူစုတ် လို့ဝေဖန်မှုအပေါ် စစ်တပ်က မနေ့က ပြန်လည်ချေပပြီးရှင်းလင်းခဲ့ပါတယ်။ 

“ NCA စာချုပ်ကို စက္ကူစုတ်တစ်ခုလို ဝေဖန်ပြောဆိုမှုများ အပေါ်အဓိပ္ပာယ်ရှိရဲ့လား ပြန်လည်စဉ်းစားရမယ် ဒါကြောင့်မလို့ NCA စာချုပ်ထက်ပိုပြီးပြည့်စုံတဲ့ဟာ ပေါ်လာစရာ အကြောင်းမရှိဘူး ဆိုတာ အကြောင်းမဲ့ ပြောသွားတာမဟုတ်ဘူး” လို့ စစ်တပ်ရဲ့ပြောခွင့်ရ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။ 

NCA ဆယ်နှစ်ပြည့်အခမ်းအနားတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ NCA စာချုပ်ဝေဖန်မှုများအပေါ်  မီဒီယာများမှတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသော နိုင်ငံခေါင်းဆောင်နှင့် နိုင်ငံတကာမှ ကိုယ်စားလှယ်များ၊ အသိသက်သေများနှင့် တိုင်းရင်းသားခေါင်းဆောင်များပါဝင်ခဲ့တယ်လို့ သိရပါတယ်။

နံပါတ် ၁ အနေနဲ့ NCA စာချုပ်ဖြစ်ပေါ်လာပုံ မလွယ်ဘူးဆိုတာလည်း မီဒီယာများလည်းအသိဖြစ်ပါတယ် ။ဒါနဲ့ပတ်သတ်ပြီး အမျိုးမျိုး ဝေဖန်နေတာရှိတယ် အမျိုးမျိုးကြေငြာချက်တွေ ထုတ်နေတာရှိတယ်” လို့သူကဆိုပါတယ်။

ယခင်ငြိမ်းချမ်းရေးညီလာခံတွေမှာ တပ်မတော်ကိုယ်စားလှယ်အနေနဲ့ တက်ခဲ့ဖူးတဲ့အတွက်ကြောင့် အတွေ့အကြုံက တော်တော်များများရှိတယ် လို့သူက ထပ်မံပြောဆိုထားပါတယ်။

NCA စတင်ဖြစ်ပေါ်လာတာက၂၀၁၈ခုနှစ်၊ဖေဖော်ဝါရီ ၁၃ ရက် တိုင်းရင်းသားတွေ EAO အဖွဲ့များကမှ စတင်ဆွေးနွေးဖြစ်ပေါ်လာတာဖြစ်ပြီးစုစုပေါင်းအဖွဲ့ ၁၀ဖွဲ့အထိအကောင်အထည်ဖော် လက်မှတ်ရေထိုးခဲ့တာပါ။ 

ထို့ပြင် စာချုပ်ဖြစ်ပေါ်လာရေးအတွက်  ကချင် KIA နယ်မြေ လိုင်ဇာမှာ ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၂ ရက်နေ့မှာပြုလုပ်ခဲ့ပြီး   ကရင် KNU နယ်မြေဖြစ်တဲ့၂၀၁၅ ခုနှစ်၊ ဇွန်လ ၂ ရက်မှ ၉ ရက်အထိ လော်ခီးလာ စတဲ့ ညီလာခံတိုင်းရင်းသားနယ်မြေတွေမှာသဘောတူပြုလုပ်ခဲ့ပြီးမှ NCA ဖြစ်ပေါ်လာကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *