စစ်ဘေးရှောင်ကလေးများ  မြို့ပေါ်ဇရပ်မှာ  ကိုယ်ထူကိုယ်စနစ်ဖြင့် ပညာသင်ကြားနေရ 

ဩဂုတ် ၂၀ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ်အနောက်ပိုင်းဒေသရှိ ကျေးရွာများမှ  မြို့ပေါ်သို့ စစ်ဘေးရှောင်လာတဲ့ ကလေးတွေဟာ ကိုယ်ထူကိုယ်ထစနစ်နဲ့ ပညာသင်ကြားနေရတယ်လို့ ဒေသခံတွေဆီကနေ စုံစမ်းသိရှိရပါတယ်။ 

ဗန်းမောက်မြို့ပေါ်က လွှစင်ကုန်းရပ်ကွက်ကမှာရှိတဲ့ ဇရပ်မှာ စာသင်ကျောင်းအဖြစ် ဖွင့်လှစ်သင်ကြားနေတာဖြစ်ပြီး ကျောင်းသား/သူ ၂၀၆ ဦးရှိတယ်လို့ သိရပါတယ်။​

ကျောင်းသား/သူ နှစ်ရာကျော်ကို သင်ကြားဖို့အတွက်လည်း  ထိုကျေးရွာတွေမှာ တာဝန်ကျတဲ့ ဆရာ/မ တွေဟာ မြို့ပေါ်မှာ အိမ်ခန်းငှားပြီး သင်ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

လွှစင်ကုန်ဘုန်းကြီးကျောင်းနားက ဇရပ်မှာလာသင်ကြာပေါ့၊ သူတို့ဆရာမတွေကော ပါလာတယ်။ အဲ့မှာ လာသင်တာပေါ့လေ။ ဆရာမတွေကတော့ အိမ်ငှားပြီးနေကြတာပေါ့ ကလေးတွေကိုသင်ဖို့အတွက်” လို့ သူကပြောပါတယ်။ 

လက်ရှိ မြို့ပေါ်မှာ ဖွင့်လှစ်တဲ့ စာသင်ကျောင်း ၆ ကျောင်းရှိပြီး  မြို့ပေါ်ဒေသခံတွေနဲ့ ကျောင်းဖွင့်လှစ်နိုင်ခြင်းမရှိတဲ့ ကျေးလက်ဒေသက ကျောင်းသား/သူတွေ လာတက်ရောက်နေတာဖြစ်တယ်လို့သိရပါတယ်။ 

ဗန်းမောက်မြို့နယ်မှာ ယခုပညာသင်နှစ်တွင်း ကျောင်းပေါင်း(၆၃)ကျောင်းဖွင့်လှစ်နိုင်ပြီး ကျောင်းသားဦးရေ ၁၀၃၂၇ ဦး ပညာသင်ကြားယူနေတာပါ။ 

လွှစင်ကုန်းဇရပ်မှာ ကိုယ်ထူကိုယ်ထ စာသင်ကြားနေတဲ့ ရှမ်းနီနှင့် ကတူးစစ်ဘေးရှောင် ကျောင်းသူကျောင်းသားများကို ရှမ်းနီအမျိုးသားများ တပ်မတော် SNA တပ်မဟာ (၆၁၄) စဝ်ဆမ်တာစစ်ကြောင်းက  ဒီနေ့ ဩဂုတ်လ(၂၀)ရက်နေ့မှာ လွှစင်ကုန်းရပ်က ကျောင်းသုံး ဗလာ စာအုပ်များနှင့် ခဲတံတွေ လှူဒါန်းထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့နယ် ကျောင်းတွေဟာ ရာနှင့်ချီရှိပေမယ့်လည်း မြို့ရဲ့ တောင်ဘက်၊ အရှေ့ဘက် နဲ့ မြောက်ဘက်ဒေသတွေမ နယ်မြေပဋိပက္ခတွေကြောင့် ပညာသင်ကြားနိုင်ခြင်းမရှိကြောင်းသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *