ဗန်းမောက်မြို့ပေါ် စစ်ဘေးရှောင်တွေရဲ့ နေအိမ် ၊ စျေးဆိုင်များ ဖောက်ထွင်းခံနေရ 

အောက်တိုဘာ ၁၀ ၊ ဗန်းမောက်

ဗန်းမောက်မြို့ပေါ်မှာ နှစ်ပတ်အတွင်း စစ်ဘေးရှောင်တွေရဲ့ နေအိမ်၊ စျေးဆိုင်ခန်းတွေ ဖောက်ထွင်းခံရမှု များပြားနေကြောင်း သိရပါတယ်။

ဆိုင်တွေဘယ််သူတွေဖောက်မှန်းမသိ၊ နောက်ထပ်အများကြီးဖောက်ခံထားရသေးတယ်။ ။ပထမဖောက်တာ အစ်ကိုတို့ဆိုင်ပါတယ်။ အရီးတင်ထားတဲ့ပစ္စည်းတွေတင် သိန်းတစ်ရာဖိုး၊ ညီမ တင်ထားတာပါပေါင်းရင် ထောင်ကျော်မယ်။ တင်ထားတဲ့ပစ္စည်းတွေက သူတို့အကြိုက်တွေချည်းပဲ၊ ဆိုလာ၊ ဘက်ထရီ၊ မီးထွန်းတာတွေ” လို့ စျေးဆိုင်ခန်းဖောက်ခံရသူတစ်ဦးက ရှမ်းနီအသံကိုပြောဆိုပါတယ်။ 

အောက်တိုဘာ ၁၅ ရက်နေ့အတွင်း မြို့အတွင်းကို ပစ္စည်းဝင်ရောက်သယ်ယူဖို့ KIA+PDF တွေက မြို့ထဲဝင်ရောက်ခွင့်ပြုလိုက်ပေမယ့် တန်ဖိုးကြီးပစ္စည်းတွေဟာ ခိုးယူခံရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ 

ရှမ်းနီအသံကို ဆက်သွယ်ပြောဆိုမှုတွေထဲမှာ ဖုန်းဆိုင် ၊ ကုန်မာ နဲ့ ဆောက်လုပ်ရေးပစ္စည်း၊ လျှပ်စစ်ပစ္စည်းဆိုင် ၊ ရွှေဆိုင်များနဲ့ နေအိမ်တချို့ဖောက်ထွင်းခံခဲ့ရပြီး ကျပ်သိန်း ထောင်နှင့်ချီတန်ဖိုးရှိတယ်လို့ပြောဆိုကြပါတယ်။ 

ဗန်းမောက်မြို့ကို စက်တင်ဘာလ ၂၁ ရက်နေ့မှာ NUG ရဲ့ဒေသကာကွယ်ရေးတပ် PDF  တွေနဲ့ KIA တို့ပူးပေါင်းပြီး မြို့ကိုအပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ 

မြို့သိမ်းတိုက်ပွဲကာလအတွင်းမှာ ဒေသခံထောင်နဲ့ချီဟာ ဗန်းမောက်မြို့နယ် အနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို တိမ်းရှောင်ကြတာဖြစ်ပါတယ်။

ပြန်ရမယ်ဆိုရင်တော့ သေသေချာချာပြန်စစ်ကြည့်ရအုံးမယ် ဘာတွေမရှိတော့ဘူးဆိုတာ။ ဘာမှမရှိတော့ဘူးဆိုပြီးလာပြောကြတာလည်းရှိတယ်။  SNA ရှိတုန်းကတော့ ဒီလိုမရှိဘူး။  အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ပြေးခဲ့ရတော့” လို့  စစ်ဘေးရှောင်နေတဲ့  စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။ 

လက်ရှိမှာ ဗန်းမောက်မြို့အနီးမှာ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး မြို့ပြန်လည်ရရှိရေးအတွက် SNA က တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။ 

ဒါ့အပြင် ဗန်းမောက်မြို့ရဲ့ အနောက်ဘက်ဒေသ ကြောင်လည်ကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *