
စက်တင်ဘာ ၂၉၊ မြစ်ကြီးနား
မြစ်ကြီးနားမြို့မှာ အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦး လည်ပင်းကိုဓားထိုးခံရတဲ့ ဒဏ်ရာနဲ့ သေဆုံးတဲ့ဖြစ်စဉ်တစ်ခု စက်တင်ဘာလ ၂၈ ရက်နေ့ညနေပိုင်းမှာဖြစ်ပွားခဲ့တယ်လို့ ဧရာဝတီဂရုဏာလူမှုကူညီရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးမှ သိရပါတယ်။
ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားအနီးက လမ်းကြားထဲမှာ အမျိုးသမီးတစ်ဦး လည်ပင်းကိုဓားနဲ့ထိုးအသတ်ခံရပြီး သူတို့ရောက်သွားချိန်မှာ သေဆုံးနေပြီလို့ဆိုပါတယ်။
ဖြစ်ပွားချိန်မှာ မနေ့က ညနေ ၄ နာရီခွဲခန့်တွင် ဖြစ်ပြီး သေဆုံးသူအမျိုးသမီးမှာ “ ဘယ်ဘက်လည်ပင်း နားအောက်ဘက် ထိုးသွင်းဒဏ်ရာ တစ်ချက် နဲ့ ပထမတစ်ချက်မှာ သူအရင်ရှောင်ပြီး ကာလိုက်တယ်ထင်တယ် ဘယ်ဘက်လက်သူကြွယ်မှာတော်တော်နစ်တဲ့ ထိုးသွင်းဒဏ်ရာတစ်ချက် ဓားကတော့ ဒီလိုပဲတန်းလမ်းကြီးထားခဲ့တာပေါ့Ó လို့ ၎င်းကဆိုထားပါတယ်။
အဆိုပါထိုးသွင်းဒဏ်ရာနှစ်ချက်မှာ အဓိကအချက်ကတော့ လည်ပင်းကလည်ပြွန်ကို ထိသွားတယ် ထင်တယ်လို့ ထပ်လောင်းခန့်မှန်းပြောဆိုထားပါတယ်။
ပြစ်မှုကျူးလွန်သူတွေဟာ အမျိုးသားနှစ်ဦးဖြစ်တယ်လို့ သိရပြီး သမီးရည်းစားအတွဲလို့လည်း ခန့်မှန်းပြောဆိုကြပြီး အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
သေဆုံးသူ အမျိုးသမီးရဲ့ ရုပ်အလောင်းကို မြစ်ကြီးနားဆေးရုံကြီး (OPD) မှတစ်ဆင့် ရင်ခွဲရုံသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ အခုနှစ်အတွင်း မကြာခဏ ခိုးဆိုးလုယက်မှုတွေ၊ သတ်ဖြတ်မှုတွေ ပိုမိုဖြစ်ပွားလာနေပြီး ထိရောက်စွာအရေးယူခြင်းမရှိတဲ့အတွက် သွားရေးလာရေး အခက်အခဲစိုးရိမ်ကြောင့်ကြမှု တွေ ရှိလာတယ်လို့ဒေသခံတွေကပြောဆိုထားပါတယ်။