

( အင်တာဗျူး) စက်တင်ဘာ ၁၉ ၊ မြစ်ကြီးနား
တိုက်ပွဲကြောင့်နှစ်နှစ်နီးပါးကြာစစ်ဘေးတိမ်းရှောင်ခဲ့ရတဲ့ဝိုင်းမော်မြို့နယ်ထဲကအမျိုးသမီးတစ်ဦးနှင့်မေးမြန်းခြင်း။
ရှမ်းနီအသံ။။မြစ်ကြီးနားမြို့ရဲ့ဘယ်စစ်ရှောင်စခန်းမှာခိုလှုံထားပါသလဲရှင်။
စစ်ဘေးရှောင်အမျိုးသမီး။ ။ ဇီးကျွန်း ကျားနှစ်ကောင်ဘက်ကျော်သွားရင် နယ်မြေ ၁၂ ၊သာသနာ့ဝေပုလ္လဘုန်းကြီးကျောင်းမှာနေတယ်လေ။
ရှမ်းနီအသံ။။ဘယ်ဒေသ၊ဘယ်ရွာကနေတိမ်းရှောင်လာတာလဲ။
စစ်ဘေးရှောင်အမျိုးသမီး။ ။ကျွန်မတို့က ဝိုင်းမော်မြို့နယ် ၊ရွှေညောင်ပင်ကျေးရွာကနေ စစ်ရှောင်လာတာ ဟုတ်တယ်။
ရှမ်းနီအသံ။။စစ်ရှောင်လာတာကြာပြီလား၊ဘယ်ခုနှစ်ကနေစရှောင်လာတာလဲ?
စစ်ဘေးရှောင်အမျိုးသမီး။ ။ ၂၀၂၃ ၊ ၁၂ လပိုင်း ၁၅ ရက်ကနေ စရှောင်ခဲ့တာ ဟုတ်တယ် ဝိုင်းမော်ကိုရောက်တော့ သာဂရ
ကိုရောက်ခဲ့တယ် သာဂရရောက်ပြီးမှ မုတ်လွှဲရောက် မုတ်လွှဲရောက်ပြီးမှနောက် ၂၀၂၄ ၊ ၅ လပိုင်းမှ
ဒီမြစ်ကြီးနား ဘုန်းကြီးကျောင်းကို ရောက်ခဲ့တာပါ။
ရှမ်းနီအသံ။။နေထိုင်စားသောက်မှုအတွက်ကဘယ်လိုအကူအညီတွေရရှိနေသလဲ?
စစ်ဘေးရှောင်အမျိုးသမီး။ ။ ပြေပါတယ်၊ လောလောဆယ်တော့ အဖွဲ့အစည်းတွေက တဲဆောက်ဖို့ အတွက် KBC အဖွဲ့တွေကလာချထားတာ တဲ တွေတော့ ကောင်းကောင်းမွန်မွန်ဆောက်ထားပြီ မိုးကာနဲ့ အထပ်သားနဲ့ ဆောက်ထားပြီ ဆောက်ပြီး ဒီတိုင်းပဲ နေနေကြတာ အခုသွပ်ပြားတွေရောက်တော့ အခြေမကျသေးတော့ ပြန်မွမ်းမံ ဖို့တော့လိုသေးတယ်။ အခုက စားဖို့သောက်ဖို့တော့ခက်ခဲတာပေါ့။
ရှမ်းနီအသံ။။စားနပ်ရိက္ခာအတွက်ဘယ်လိုအလုပ်တွေလုပ်နေကြရလဲ?
စစ်ဘေးရှောင်အမျိုးသမီး။ ။ ဆန် ၊ဆီတွေအတွက် စခန်းအဖွဲ့အစည်းတွေကို ဘတ်ဂျက် မကျလာတော့အလျှူရှင်တွေလည်းလျော့သွားတယ်။ဒီမှာ ကျွန်မတို့ကလည်း အလုပ်က အဆင်မပြေဘူး ၊ အလုပ်က မရှိဘူး။ တစ်ချို့ကတော့ ရွှေတွေသွားကျင်ကြတယ် ကျွန်မတို့ကအသက်ကြီးပိုင်းဖြစ်ပြီး မြေးတွေလည်း ရှိတာဆိုတော့အလုပ်မရှိတော့ ရှိတဲ့ဟာ ကြံဖန်စားရတာပေါ့ တစ်ချို့တွေက နေ့စားအလုပ်တွေလာခေါ်တယ်လေ တစ်ချို့က အာလူးရွေး၊ ကြက်သွန်ရွေးတို့ တစ်ခါတစ်လေကျရင်လာခေါ်တယ် ဒါမှမဟုတ် အပင်စိုက်တို့ စိုက်ပျိုးရေးတွေ ဘာတွေလုပ်တဲ့သူကလာခေါ်ကြတယ် သွားကြတယ် တစ်ခါတလေကျရင် တစ်ရက်နှစ်ရက်လာခေါ်လိုက် တစ်ခါတလေကျရင်နေလိုက် အလုပ်ရှိရင်တော့အဲ့လိုပေါ့
ရှမ်းနီအသံ။။ဘယ်အဖွဲ့အစည်းတွေကနေအထောက်အပံ့အကူအညီရထားတာရှိလဲ?
စစ်ဘေးရှောင်အမျိုးသမီး။ ။ ၂၀၂၄ ကျတော့ WFP ကတစ်အိမ်လျှင် တစ်ယောက်ကို ၁ လ ကို ၄၂၀၀၀ လာပေးတယ်။
၂၀၂၅ ၃လပိုင်းထဲကပြတ်သွားတာ ဘာမှမလာတော့ဘူး။ အဲ့ထဲက လုပ်လိုက်စားလိုက် နေသွားကြတာ၊အခု အစိုးရတွေကြတော့ လူတစ်ယောက်ကို ၁ လ နှစ်သောင်းစီ ၂၀၂၄၊ ၁၂ လပိုင်းကနေ ၂၀၂၅၊ ၁၂ လပိုင်း
အထိ ၁ နှစ်စာပြောထားတာ ပထမ တစ်ခေါက်က ၁လစာ နှစ်သောင်း၊ ဒုတိယ တစ်ခေါက်က ၂လစာ ကို
နှစ်သောင်း၊ ဒီ ၉လပိုင်းမှာ တစ်ယောက်ကို ၃လစာလာပေးသွားတယ်။
ရှမ်းနီအသံ။။ NGO နိုင်ငံတကာအဖွဲ့အစည်းတွေကအထာက်အပံ့တွေပြန်ပေးနေပြီလို့ကြားတယ်၊ဝေပုလ္လမှာမရောက်သေးဘူးလား?
စစ်ဘေးရှောင်အမျိုးသမီး။ ။ ဟုတ်ကဲ့ မရောက်သေးဘူး။
ရှမ်းနီအသံ။။အိမ်ပြန်ဖို့ရောမျှော်လင့်ချက်ရှိလား၊ဘယ်ခုနှစ်မှာပြန်ရမယ်လို့မျှော်မှန်းထားလဲ?
စစ်ဘေးရှောင်အမျိုးသမီး။ ။ အိမ်ပြန်ဖို့ အိမ်မက်တောင် မထားတော့ဘူး၊ လူကတော့ဒီမှာ စိတ်ကတော့အမြဲအိမ်ရောက်နေတယ်။ ဒီမှာဘယ်လောက်ပဲနေနေန စိတ်ကနေသားမကျဘူး ဒီမှာတစ်နှစ်ကျော်နှစ်နှစ်ရှိပြီး မလွှဲသာမတတ်သာတော့နေရတာပဲ အိမ်ပြန်ရက်ကတော့ မျှော်နေရတာပေါ့။သူများ မပြန်ခိုင်းဘူးဆိုတော့ ဘာမှ မသိဘူး၊ ပြန်ရမယ့် ရက်ကိုသိထားရင်တော့ ပိုကောင်းတာပေါ့ ပြန်ရပါစေလို့ပဲ အားလုံးကဆုတောင်းကြတာ ။