ကျားနီပါတီ(TNDP) ကရွေးကောက်ပွဲမှာရှမ်းတိုင်းရင်းသားရေးရာအပါအဝင်ကိုယ်စားလှယ်လောင်း (၄) ဦးရရှိ

ဇန်နဝါရီ ၂၈ ၊ မိုးညှင်း 

ကချင်ပြည်နယ်အတွင်းသာ မှတ်ပုံတင်ထားတဲ့ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံံ့ဖြိုးတိုးတက်ရေးပါတီ (TNDP) က ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၄) ဦးအနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ကျားနီပါတီမှ ရှမ်းတိုင်းရင်းသားရေးရာကိုယ်စားလှယ် (ဝန်ကြီး) နေရာကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးစိုင်းတင်အောင်က နိုင်သူအကုန်ယူစနစ် (FPTP) မှာ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ် (PR)   အရ  အမျိုးသားလွှတ်တော်( ၁ ) ဦး နဲ့ ပြည်နယ်လွှတ်တော် မှာ (၂) ဦး တို့ကိုလည်း ရရှိခဲ့တယ်လို့ မနေ့ညက ကျားနီပါတီမှ ထုတ်ပြန်ခဲ့ပါတယ်။ 

ကျားနီပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာမှာ ဦးစိုင်းစိန်လွင်ဦး ၊ ပြည်နယ်လွှတ်တော်နေရာမှာ ဦးဉာဏ်ထွန်း နဲ့ ဦးဇင်မောင်လွင်တို့က  ရွေးကောက်ပွဲ အချိုးကျစနစ်နဲ့  ရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

“ ငါတို့ပါတီက တစ်ပြည်နယ်လုံးမှာ မဲက ဒုတိယရတယ်။ မဲစုစုပေါင်းက နှစ်သောင်းကိုးထောင်ကျော်ရတယ်၊ ဒုတိယပေါ့ ၊ ကြံ့ခိုင်ရေးက ခြောက်သောင်းခုနှစ်ထောင်ကျော်နဲ့သူကပထမရတာ။ ကိုယ်စားလှယ်လည်း သူများတယ်” လို့ ကျားနီပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပြပါတယ်။ 

ကျားနီပါတီကနေ  (၂၀၂၅) ခုနှစ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် (၃၁) ဦးနဲ့ မိုးညှင်း၊​မိုးကောင်း၊မြစ်ကြီးနား၊ ဝိုင်းမော် ၊ မံစီ၊ ဖားကန့် မြို့တွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 

“ ဒီမိုကရေစီကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို လွှတ်တော်တွင်း/ပြင်ပ များမှနေ၍ ဆောာင်ရွက်သွားမယ်” လို့ မနေ့က ဇန်နဝါရီလ (၂၇) ရက်နေ့မှာ ပါတီက ထုတ်ပြန်ခဲ့ပါတယ်။ 

ကျားနီပါတီက (၂၀၂၅ )ခုနှစ် ရွေးကောက်ပွဲကနေ ငြိမ်းချမ်းရေး ၊ ရှမ်းနီလူမျိုးအမည်မှန်ရရှိရေး၊ တောင်သူလယ်သမားဘဝ မြှင့်တင်ရေးနဲ့  (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့လုပ်ဆောင်မယ်လို့ ကတိပြုဟောပြောခဲ့တာလည်းဖြစ်ပါတယ်။ 

ကချင်ပြည်နယ်အတွင်း အခုရွေးကောက်ပွဲမှာ မြို့နယ် (၁၂ )မြို့သာကျင်းပနိုင်ခဲ့ပြီး ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးပါတီက အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *