ခေတ်မှီကာကွယ်ရေးစနစ်ကို ဖော်ဆောင်မယ်လို့ စစ်ကော်မရှင်ဆို 

ဖေဖော်ဝါရီလ ၁၂ ၊ နေပြည်တော် 

နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ခေတ်မှီကာကွယ်ရေးစနစ်ကို ဖော်ဆောင်သွားမယ်လို့ ဒီနေ့ကျရောက်တဲ့  (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့မှာ စ စ်ကော်မရှင်ဥက္ကဌ ကပေးပို့တဲ့  သဝဏ်လွှာထဲ ပြောဆိုထားပါတယ်။ 

“ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ပြည်ပအမှီအခိုကင်းစွာဖြင့် ပြည်တွင်းအင်အားစုများကို အခြေခံကာ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ ခေတ်မှီကာကွယ်ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်သွားမယ်” လို့ သဝဏ်လွှာအတွင်း ရေးသားထားပါတယ်။ 

ဒီနေ့ကျရောက်တဲ့ ပြည်ထောင်စုနေ့ သဝဏ်လွှာထဲမှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ၊နယ်မြေချဲ့ထွင်တဲ့ တိုက်ပွဲတွေကို ငြိမ်းချမ်းရေးကိုလိုလားတဲ့  ပြည်သူတွေနဲ့ ထိန်းသိမ်းကာကွယ်သွားမယ်လို့ဆိုပါတယ်။ 

လက်ရှိမှာလည််း ပြည်သူ့စစ် ၊ ပြည်သူ့စစ်မှုထမ်း စတဲ့ အရပ်သားတွေပါဝင်တဲ့ လုံခြုံရေးစနစ်တွေကို ဆောင်ရွက်နေတယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။ 

စစ်မှုထမ်းဥပဒေတစ်ရပ်ကို ၂၀၂၄ ခုနှစ် အသက်သွင်းထားပြီးတော့ သင်တန်းတစ်ပတ်စဉ်ကို လူဦးရေငါးထောင်နဲ့ ဆောင်ရွက်ခဲ့တာ လက်ရှိမှာ တပ်သား တစ်သိန်းနီးပါးရှိနေပြီလို့ ယူဆနိုင်ကြောင်း စစ်ရေးအကဲခတ်တွေက ဆိုပါတယ်။ 

ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ထာဝရငြိမ်းချမ်းရေးဟာ မဖြစ်မနေဆောင်ရွက်ရ မှာဖြစ်ပြီး  တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာလည်း NCA စာချုပ်သဘောတူညီမှုကို ပူးပေါင်းပါဝင်ဖို့ ထည့်သွင်းပြောဆိုထားပါတယ် ။ 

Leave a Reply

Your email address will not be published. Required fields are marked *