အောက်တိုဘာ ၁၃ ၊ စစ်ကိုင်း
အာဏာသိမ်းပြီးတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ စစ်ကိုင်းတိုင်းဒေသကြီးက အရပ်သားသေဆုံးမှု အများဆုံးဖြစ်နေတို့ AAPP ရဲ့ စာရင်းကို ကိုးကားပြီး ISP မြန်မာက ထုတ်ပြန်ပါတယ်။
တစ်နိုင်ငံလုံးရဲ့ စာရင်းအရ အရပ်သားသေဆုံးမှုက သုံးထောင့်ခြောက်ရာထက်မနည်းရှိပြီး စစ်ကိုင်းတိုင်းထဲမှာ ထောင့်ငါးရာသေဆုံးထားတာလည်းဖြစ်ပါတယ်။
ဒုတိယက မကွေးတိုင်းဒေသကြီးကဖြစ်ပြီး လူဦးရေ သုံးရာ့ရှစ်ဆယ်နီးပါးရှိကာ အနည်းဆုံးကတော့ နေပြည်တော်က ဖြစ်ပြီး အရပ်သား သေဆုံးမှု ၁၀ ဦးရှိခဲ့ပါတယ်။
ပြည်နယ်တွေမှာတော့ ကယားပြည်နယ်မှာ အရပ်သား နှစ်ရာကျော် သေဆုံးထားပြီး ရှမ်းပြည်နယ်က ၁၆၇ ဦး သေဆုံးထားတာလည်းဖြစ်ပါတယ်။
စစ်ကောင်စီက ထုတ်ပြန်တဲ့ စာရင်း ၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်တဲ့ စာရင်း အပါအဝင် ISP က သီးသန့်မှတ်တမ်းပြုစုထားမှု စုစုပေါင်းက အရပ်သား ခုနှစ်ထောင်ကျော်သေဆုံးထားပြီလို့ ဆိုပါတယ်။
လူဦးရေ နှစ်ထောင့်နှစ်ရာကျော်က ဆန္ဒပြနေစဉ် ပစ်ခံခံရသူတွေနဲ့ စစ်ကောင်စီဖမ်းဆီးမှုကြောင့် သေဆုံးရတာဖြစ်တယ်လို့ ISP က ဆိုပါတယ်။
အဲ့ထဲမှာမှ လူဦးရေ ခုနှစ်ရာကျော်က စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးထားချိန်အတွင်း ပစ်ခတ်ခံရတာ၊ ညှဉ်းပန်း နှိပ်စက်ခံရတာတွေကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။