စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်ရဲ့ ဝန်ကြီးချုပ်ကို ခန့်အပ်

နိုဝင်ဘာ ၁၈ ၊ စစ်ကိုင်း 

စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်ရဲ့ ဝန်ကြီးချုပ်အဖြစ်  ဦးစိုးဦးကို ခန့်အပ်လိုက်တယ်လို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က ထုတ်ပြန်လာပါတယ်။ 

ဦးစိုးဦးဟာ ၂၀၁၅ နဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့သူဖြစ်သလို စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စီမံဘဏ္ဍန်ရေးဝန်ကြီး အဖြစ်လည်း တာဝန်ယူခဲ့သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ 

ဒီလိုဆောင်ရွက်မှုဟာ ပထမဦးဆုံးသော ဖက်ဒရယ်ယူနစ်အစိုးရယန္တရားတစ်ခု စနစ်တကျ စတင်ပေါ်ပေါက်လာခြင်းလည်း ဖြစ်တယ်လို့ NUG ရဲ့ပြည်ထောင်စုဝန်ကြီး မန်းဝင်းခိုင်သန်းက ပြောပါတယ်။ 

ဒါဟာ တော်လှန်ရေးကာလအတွင်း ပထမဦးဆုံး ဖက်ဒရယ်ယူနစ်အစိုးရယန္တရားတစ်ခု စနစ်တကျ စတင်ပေါ်ပေါက်လာခြင်းလည်း ဖြစ်ပါတယ်။” လို့သူကပြောပါတယ်။ 

၆ ကြိမ်မြောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အစည်းအဝေးကနေ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၆၈)အရ ခန့်အပ်လိုက်တာလို့ ဆိုပါတယ်။ 

ကြားကာလအစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်ဖို့အတွက် စိစစ်ရွေးချယ်ရေးကော်မရှင်တစ်ရပ်ဖွဲ့စည်းရာမှာလည်း   စစ်ကိုင်းတိုင်းထဲက နာဂ၊ ရှမ်းနီ၊ ကတူး၊ ကနန်း၊ ချင်း တိုင်းရင်းသားတို့ရဲ့ သဘောထားဆန္ဒတွေကိုလည်း ရယူစုစည်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ဒီဖက်ဒရယ်ယူနစ်လွတ်တော်မှာ အဖွဲ့ဝင် ၂၉ ဦးပါဝင်ပြီး ရှမ်းတိုင်းရင်းသားနဲ့ ချင်းတိုင်းရင်းသား ကိုယ်စားလှယ် ၂ ဦးပါဝင်တယ်လို့သိရပါတယ်။ 

စစ်ကိုင်းတိုင်းဒေသကြီးဟာ PDF တပ်ဖွဲ့တွေက ဗန်းမောက် ၊ အင်းတော်မြို့ ၊ ခမ်းပတ်မြို့ ၊ မော်လူးမြို့၊​ပင်လည်ဘူးမြို့တို့ကို ထိန်းချုပ်စိုးမိုးထားတာဖြစ်ပြီး တခြားသောမြို့နယ်က ကျေးလက်ဒေသတွေကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *