မိုးညှင်းမြို့ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးသူအားလုံးနီးပါးပါဝင်
စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြပွဲများတွင် ပါဝင်ဆန္ဒပြခဲ့သောကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ရာ ထိုထဲမှာ
(၁၃၁၆) ဦးနှင့် တရားစွဲဆို ရင်ဆိုင်နေရသူ (၄၃၂၀) ဦးကို စစ်ကောင်စီက ပြန်လွတ်ပေးမည်ဖြစ်ကြောင့် ထုတ်ပြန်ခဲ့သည်။
မိုးညှင်းမြို့နယ်တွင်လည်း စစ်ကောင်စီက ဆန္ဒပြပွဲများကို ဖြိုခွင်းပြီး ဖမ်းဆီးခံရသည့် ကျန်းမာရေးဝန်ထမ်းများ ၊ ကျောင်းဆရာ/မများ နှင့် ကျောင်းသားလူငယ်များကို ပုဒ်မ ၅၀၅ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
” မိုးညှင်းက ပုဒ်မ ၅၀၅ အကုန်နီးပါးလွတ်တယ်တဲ့ ၊ မမြတ်လဲပါတယ်” ဟု ဒေသခံလူငယ်တစ်ဦးက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ စာရင်းပြုစုထားမှုအရ နွေဦးတော်လှန်ရေးကြောင့် ဖမ်းဆီးခံရသူ ၉၀၄၃ ဦးရှိပြီး ၇၃၅၅ ဦးက ချုပ်နှောင်ထားခံရဆဲဖြစ်သည်ဟုဆိုသည်။
ယနေ့ လွတ်ပေးမည့်သူများထဲတွင် နိုင်ငံရေးပုဂ္ဂိုလ်တချို့ ၊ အနုပညာရှင်များ ၊ Social Influencer များ နှင့် သတင်းမီဒီီယာများလည်း ပါဝင်ကြောင်းသိရသည်။
စစ်ကောင်စီထုတ်ပြန်ချက်တွင်် လွတ်ပေးသူများသည် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ(၁) အရ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံရမည် ဟုလည်း ထုတ်ပြန်ထားသည်။