



စက်တင်ဘာ ၃ ၊ ပေကျင်း
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်း နဲ့ စစ်ကော်မရှင်ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တရုတ်နိုင်ငံ ပေကျင်းမှာတွေ့ဆုံခဲ့တဲ့ သတင်းမှတ်တမ်းဓာတ်ပုံတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒီနေ့ စက်တင်ဘာလ ၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဂျပန်ခုခံတော်လှန်ရေး စစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်းနှစ် (၈၀)ပြည့် စစ်ရေးပြအခမ်းအနားမှာ တွေ့ဆုံခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ရေးပြအခမ်းအနားပွဲကို ရုရှား၊ အိန္ဒိယ ၊ အီရန် ၊ ပါကစ္စတန် နိုင်ငံက သမ္မတွေအပြင် မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်း အပါအဝင် နိုင်ငံ နဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၂၀ ကျော်တက်ရောက်နေတာလည်းဖြစ်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံရဲ့ ခရီးစဉ်အတွင်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့အပြင် တရုတ်နိုင်ငံသမ္မတ ရှီဂျင့်ဖျင် ၊ အိန္ဒိယ သမ္မတ နရန်ဒြာမိုဒီ တို့ နဲ့တွေ့ဆုံမှုတွေပြုခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး ၊ ကုန်သွယ်ရေး နဲဲ့ မြေရှားသတ္ထုအရေး ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
