နမ့်ဆန်၊မန်တုံနှင့်နမ္မတူမြို့နယ်သုံးခုကိုစစ်အုပ်ချုပ်ရေးကြေညာ

မတ် ၅ ၊ နမ့်ဆန် 

ရှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူမြို့နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသက နမ့်ဆန်မြို့ ၊ မန်တုံမြို့နယ်တို့ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးနယ်မြေ ( (Martial Law)အဖြစ် မတ်လ (၄) ရက်နေ့ညမှာ ကြေညာပါတယ်။ 

၎င်းမြို့နယ် သုံးခုလုံးက ၁၀၂၇ စစ်ဆင်ရေးဖြင့် တအာင်း(ပလောင်)လွတ်မြောက်ရေးတပ်မတော် (TNLA/PSLF)က တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြို့တွေလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို  လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့ တာဝန်ပေးလိုက်တယ်လို့ဆိုပါတယ်။ 

စစ်အုပ်ချုပ်ရေးကြေငြာထားသည့်ဒေသအတွင်းက အချိန်နှင့်တစ်ပြေးညီ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေပေါ်မူတည်ပြီး တိုင်းမှူးကိုယ်တိုင်ဒါမှမဟုတ်  စစ်နယ်မြေမှူးကို တာဝန်လွှဲအပ်ပြီးလည်း တရားစီရင်နိုင်တာပဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကုန်မှာ ၁၀၂၇ စစ်ဆင်ရေးဖြင့် တိုက်ခိုက်သိမ်းပိုက်ခံထားရတဲ့  ကွမ်းလုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ သိန္နီ၊ လောက်ကိုင်၊ ကုန်းကြမ်း နဲ့  မူဆယ်၊ လားရှိုး  စတဲ့ ရှစ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးထားပါတယ်။ 

၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် အထိ ၃ နှစ်ကျော်ကာလအတွင်း စစ်အုပ်ချုပ်ရေးကြေညာထားတဲ့မြို့နယ်ပေါင်း(၆၁)မြို့နယ် ရှိတယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *