နမ့်တာလုံမြစ်လယ်ကျောက် ဖျာပေါ်ကဘုရား (သို့) ရွှေလှောင်း

အရှိန်အဟုန်နဲ့ စီးဆင်းလာတဲ့ ချင်းတွင်းမြစ် (သို့)​နမ့်တာလုံ ရဲ့ မြစ်လယ် ကျောက်ဖျာပေါ်မှာ သပ္ပါယ်စွာတည်ရှိနေသည့် ရှေးဟောင်းဘုရားစုများရှိသည်။ ချင်းတွင်းမြစ်ကမ်းရှိ ဒေသခံရှမ်းနီများ နှစ်ပေါင်းများစွာကတည်းက တည်ထားကိုးကွယ်ခဲ့သည့် ဘုရားများလည်းဖြစ်သည်။ 

စေတီဘုရားများက လက်ရှိခေတ်လက်ရာဖြစ်သော်လည်း စေတီဂေါစကန်များအတွင်းက သမိုင်းများသည် ကုန်းဘောင်ခေတ်မတိုင်မှီကတည်းက တည်ရှိနေသည့် စေတီများဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက ဆိုထားသည်။

အုန်းဘက်ကျေးရွာနှင့် ဟူနောင်ကျေးရွာကြားမှာတည်ရှိသည်။

  တပေါင်းလတွင်  ဘုရားပွဲတော်ကျင်းပလေ့ရှိပြီး  ချင်းတွင်းမြစ်ကမ်းဘေးမှာ နာမည်ကျော်သည့် ဘုရားပွဲတော်တစ်ခုလည်းဖြစ်သည်။ 

Leave a Reply

Your email address will not be published. Required fields are marked *