ဖားကန့်မြို့နယ်တွင်တစ်ရက်တည်းစျေးသည်(၂)ဦးပစ်သတ်ခံရပြီးရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရ

အောက်တိုဘာ ၆ ၊ ဖားကန့်

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ ရပ်ကွက်(၂)ရှိ မိုးရတနာရွှေဆိုင်ကို  လက်နက်ကိုင်လူတစ်စုက ခြိမ်းခြောက်ဓားပြတိုက်မှုတစ်ခု အောက်တိုဘာလ(၅)ရက်နေ့ နေ့လည်(၂)နာရီအချိန်တွင် ဖြစ်ပွားခဲ့တယ်လို့  ဒေသခံများထံမှ သိရပါတယ်။ 

  “ ရွှေကခန့်မှန်းခြေတစ်ပိဿာနီးနီးပါသွားတယ်လို့ပြောတယ်ကျန်တဲ့ကျောက်စိမ်းနဲ့ပတ်သက်တဲ့ကျောက်စိမ်းလက်စွတ်တို့လက်ကောက်တို့ဆွဲကြိုးတို့အစုံပေါ့ပြီးရင်ကောင်တာကိုထုခွဲပြီးရသလောက်ကိုကြုံးယူသွားတာပေါ့”လို့ လုံးခင်းကျေးရွာသားတစ်ဦးက ပြောပြပါတယ်။

  အနက်ရောင်ဝတ်စုံများဝတ်ဆင်ပြီး လက်နက်ကိုင်ဆောင်ထားသော လူငယ်လေးဦးက မော်တော်ဆိုင်ကယ်(၂)စီးဖြင့် လာရောက်သွားတာဖြစ်ပြီး ပစ္စည်းများခြိမ်းခြောက်တောင်းခံကာ ဝန်ထမ်းများကို ပစ်ခတ်သွားခြင်းများ မရှိဘူးဟု သိရပါတယ်။

 တစ်ရက်တည်း နေ့လည် ၂နာရီခွဲ ဝန်းကျင်အချိန်မှာ ဖားကန့် ဖားပြင်ကျေးရွာမှ ဆန်းကြွယ်ကျေးရွာသို့ သွားလမ်းပေါ်တွင် စျေးသည်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရပါတယ်။ 

  “ ဆီဖြည့်နေတုန်းရှိသေးတယ်အဲ့ဒီအမျိုးသားကအသတ်ခံရတာသူကအာလူးကြော်ရောင်းတဲ့အသည်သူနဲ့တစ်ချိန်တည်းမှာပဲနောက်ထပ်တစ်ယောက်အသတ်ခံရတယ်တစ်ရက်တည်းသေနတ်ဒဏ်ရာနဲ့နှစ်ယောက်သေတာပေါ့”  ဟုနောက်ထပ်ဒေသခံတစ်ဦးကဆိုပါတယ်။ 

ဒီဖြစ်စဉ်အပြင်  ဖားကန့်မြို့  မမုံကျေးရွာဆိုင်းဘုတ်အနီး ဆီဆိုင်တစ်ခုတွင် ဆီဖြည့်နေသော အသက်(၅၀)ကျော်အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရသေးသည်ဟု ဆိုကြပါတယ်။ 

 ဖားကန့်မြို့နယ်အတွင်းမှာ ယခုရက်ပိုင်းအတွင်းမှာပင် လက်နက်ကိုင်လူတစ်စု၏ ပစ်ခတ်မှုကြောင့် ပြည်သူ(၅)ဦးထက်မနည်း သေဆုံးနေသည်ဟု သတင်းမှတ်တမ်းများအရ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *