ဖားကန့်မြို့ပေါ်ရှိအ.ထ.ကကျောင်းထဲလက်နက်ကြီးကျပြီးကလေးငယ်(၂)ဦးထိခိုက်

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းဆောင်/ Credit

ဖေဖော်ဝါရီဖားကန့် 

ဖားကန့်မြို့ပေါ်ရှိ မြို့မရပ်ကွက်က အ.ထ.ကကျောင်းဝင်းအတွင်းကို  ဒီနေ့မနက်ပိုင်း (၉)နာရီကျော်အချိန်ှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်(၂)ဦး ကျည်စထိမှန်ခဲ့တယ်လို့သိရပါတယ်။ 

“ KG ဆောင်မှာလက်နက်ကြီးကျတာ။ အခု ထိသွားတဲ့ကလေးနှစ်ယောက်က KG ဆောင်ဘက်ကို နောက်ဖေးသွားတဲ့အချိန်မှာ ကျတော့လက်နက်ကြီးကျဉ်စမှန်သွားတာ။ မူကြိုအငယ်တန်းပိတ်ထားလို့ပေါ့တော်သေးတယ်ပြောရမယ်”ဟု ကျောင်းအနီးနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

ကျည်ထိမှန်ခဲ့တဲ့ကလေးငယ်တွေက (၁၀)နှစ်ဝန်းကျင်ရှိ လေးတန်းကျောင်းသူ(၁)ဦးနဲ့  ကျောင်းသား(၁)ဦးတို့ဖြစ်ပြီး ဦးခေါင်း၊ခြေထောက်နဲ့ လက်များမှာ ထိမှန်ခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် မူကြိုကျောင်းဆောင်မျက်နှာကျက်နဲ့အမိုးအကာများ၊ ပြတင်းပေါက်မှန်များပျက်စီးခဲ့ပြီး စိန်ပြောင်းလက်နက်ကြီးအမျိုးအစားဖြစ်ကာ ပေါက်ကွဲမှုပြင်းထန်ခဲ့တယ်လို့ ဆိုကြပါတယ်။ 

အ.ထ.ကကျောင်းအနီးရှိ တောင်ကုန်းပေါ်ပိုင်းမှာ စစ်တပ်ရဲ့ ဗျူဟာကုန်းတည်ရှိနေတာဖြစ်ပြီး ဖားကန့်မြို့ပေါ်အပါအဝင် မြို့နယ်အတွင်းမှာ KIA+PDF ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကော်မရှင်တို့ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာ  (၄)ရက်ခန့်ရှိနေပြီလည်းဖြစ်ပါတယ်။ 

 ဒီရက်ပိုင်း  နှစ်ဖက်တိုက်ပွဲကြောင့် ဖားကန့်မြို့အနီးရှိ ထုံးဘိုကျေးရွာမှာလည်း လက်နက်ကြီးထိမှန်ထိခိုက်ခဲ့မှုတွေရှိခဲ့ပြီး ယခုဖြစ်စဉ်က ထိခိုက်မှုအပြင်းထန်ဆုံးဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *