
မတ် ၅ ၊ ဖားကန့်
ဖားကန့်မြို့ ၊ မြို့မရဲစခန်းတ KIA+PDFပူးပေါင်းတပ်ဖွဲ့များဘက်မှ ဒရုန်းဖြင့် ဗုံးများလာရောက်ပစ်ချတိုက်ခိုက်မှုကြောင့် ရဲမေတစ်ဦးနှင့် ကလေးနှစ်ဦး ပြင်းထန်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
“ ဒရုန်းနဲ့ချတာပေါ့လေ နှစ်လုံးချတာ တစ်လုံးကရဲစခန်းထဲကျတာပါ့ ရဲမိသားစုထိတယ်လေ တစ်လုံးက ဘူးခါးကုမ္ပဏီဘက်သွားကျတာ” ဟု ဖားကန့်မြို့ခံတစ်ဦးက ပြောပြပါတယ်။
မတ်လ (၄)ရက်နေ့ မနက်(၂)နာရီဝန်းကျင်အချိန်မှာ ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲစခန်းကို ဒရုန်းဗုံး(၂)လုံးပစ်ချခဲ့တာဖြစ်ပြီး စခန်းတွင်းပျက်စီးမှုများကိုတော့မသိရှိရပဲ ဘူးခါးကုမ္ပဏီမှာတော့ ပျက်စီးမှုများမရှိဘူးဟု ဆိုပါတယ်။
ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ခဲ့တဲ့ အသက်(၃၀)ဝန်းကျင်အရွယ်ရှိ ရဲမေက သေဆုံးသွားပြီဖြစ်သည်ဟု ၎င်းတို့နှင့်နီးစပ်သူများထံမှ ပြောဆိုမှုတွေရှိနေပါတယ်။
ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့တို့ ယခုရက်ပိုင်းတွေမှာ စစ်ရေးတင်းမာနေတာဖြစ်ပြီး တာမခန်ကျေးရွာမှာလည်း တိုက်ပွဲပြင်းထန်နေတာ တစ်ပတ်ကျော်ကြာရှိနေပြီလည်း ဖြစ်ပါတယ်။