ဖားကန့်မြိုန့ယ်မှာ PDF တွေကိုထောက်ပံ့မှုဖြင့်တရားစွဲဆိုခံထားရသည့်ဦးဇော်မင်းဦးထောင်ဒဏ်၁၆နှစ်ကျော်ချမှတ်ခံရ

ဒီဇင်ဘာ ၂၈ ၊ ဖားကန့် 

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာနေ ဦးဇော်မင်းဦးကို စစ်ကောင်စီက PDF တွေကို ထောက်ပံ့မှုဖြင့်  ဖမ်းဆီးတရားစွဲဆိုခဲ့ရာ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ  ထောင်ဒဏ်  ၁၅ နှစ်ချမှတ်ခဲ့တယ်လို့ ဒေသခံ တွေဆီကနေ သိရပါတယ်။ 

ဖားကန့်မြို့နယ်တရားရုံးက ဦးဇော်မင်းဦး (ခ) တိမ်ပြာကို ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဦးဇော်မင်းဦးကို ဒီဇင်ဘာလ ၁၃ ရက်နေ့ကလည်း ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့တာဖြစ်ပြီး လက်ရှိ စုစုပေါင်း ထောင်ဒဏ် ၁၆ နှစ်ခွဲ ချမှတ်ခံရတာလည်းဖြစ်ပါတယ်။ 

ဦးဇော်မင်းဦးကို  ဖားကန့်မြို့နယ်၊ မှော်ပုံကျေးရွာမှာ ဩဂုတ် ၂၆ရက်နေ့မှာ စစ်ကောင်စီတပ်က အင်းအား ၃၀နဲ့ ဝင်ရောက်ဖမ်းဆီးခံခဲ့တာလည်းဖြစ်ပြီး နေအိမ်နဲ့ ကားတွေကို မီးရှို့ဖျက်ဆီးသွားခဲ့တာဖြစ်ပါတယ်။

၄င်းကိုဖမ်းဆီးမရခင် ဇူလိုင်လ ၃ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီတပ်က အင်းအားအလုံးအရင်းနဲ့ လာရောက်ချိတ်ပိတ်ခြင်း ခံခဲ့တာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်အတွင်းမှာ ဖမ်းဆီးခံရသူ ၁၀ ဦးထက်မနည်းရှိနေသလို ဆက်လက်ဖမ်းဆီးခံရသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

ဖားကန့်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးတင်စိုးဟာ မိုးညှင်းအကျဉ်းထောင်မှာ တရားရင်ဆိုင်နေရပြီး နိုဝင်ဘာလ ၁၇ ရက် အမျိုးသားနေ့ မှာ ပြန်လည်လွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *