ဖောင်းပြင်မြို့နယ်နှင့်ဟုမ္မလင်းမြို့နယ်စပ်ရှိဆယ်ချောင်းကျေးရွာမှာ PDF တပ်ဖွဲ့နှင့်ပြည်သူ့စစ်တို့တိုက်ပွဲဖြစ်ပွား 

မေ ၁ ၊ ဖောင်းပြင် 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဖောင်းပြင်မြို့နယ် နှင့် ဟုမ္မလင်းမြို့နယ်စပ်မှာရှိတဲ့   ဆယ်ချောင်းရွာအနီးမှာ  ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့တွင်  PDF (ဖောင်းပြင်ဒေသခံကာကွယ်ရေးတပ်) နှင့်  ပြည်သူ့စစ်တွေကြား တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။ 

ဒီတိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး  Local Paungbyin Defence Force ကလဲ ရေးသားအသိပေးထားတာရှိပြီး  ပျူစောထီး ၆ ဦးသေဆုံးတယ်လို့ ရေးသားအတည်ပြုအသိပေးထားပါတယ်။ 

ဆယ်ချောင်းကင်းစခန်းကို ဝင်သိမ်းတာဖြစ်ပြီး အပြစ်မဲ့ကျေးရွာသားပြည်သူတစ်ဦး ထိခိုက်သေဆုံးကာ  ပြည်သူ့စစ် ၅ ဦးအပါဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့တာလို့ ဆယ်ချောင်းဒေသခံတွေကနေ သိရပါတယ်။ 

“ လက်ရှိခြေနေမှာ နှစ်ဖက် စစ်ရေးတင်းမာနေပြီး ချိန်ခါမရွေး စစ်ဖြစ်လာနိုင်တယ်” လို့ ဆယ်ချောင်းရွာသားတစ်ဦးက ပြောပြပါတယ်။

ဖောင်းပြင်မြို့နယ်အတွင်းမှာ  PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲမဖြစ်ပွားတာ လနှင့်ချီရှိနေပြီး ၂၀၂၃ ခုနှစ် ဧပြီလမှ တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *