ဗန်းမောက်မြို့နယ်စီးမော်ကျေးရွာကအမျိုးသားတစ်ဦးအိမ်မှာဓားပြတိုက်ခံရပြီ ဓားထိုးခံရ​

မေ ၂၇ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ် မြောက်ပိုင်းက စီးမော်ကျေးရွာမှာ မေလ ၂၆ ရက်နေ့မှာ အမျိုးသားတစ်ဦးရဲ့ နေအိမ်ထဲမှာ ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး အဲ့ဒီအမျိုးသား ဓားနဲ့ထိုးခံခဲ့ရတယ်လို့ သိရပါတယ်။

“ ညကိုဓားပြလာတိုက်သွားတာ ၊ အော်တော့အော်သေးတယ်ပြောတာကို ၊ ဓားထိုးမှုတောင်ဖြစ်လို့ မန်းလေးဆေးရုံတင်ရတယ်တဲ့ ၊ တောက်လျှောက်မန်းလေးကိုပို့ပြီတဲ့  ၊ အားကျင်းမန်းလေးကိုဆင်းသွားတယ်။ ပါတော့ပါသွားမှာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဲ့ဒီအမျိုးသားနေအိမ်ထဲကို လူတစ်စုက ဆိုင်ကယ်ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီးတော့ ဓားပြလာတိုက်တဲ့အခါမှာ ဓားရှည်တွေလည်းပါတယ်လို့ ဆိုပါတယ်။ 

အဲ့လိုဓားပြတိုက်ခံရတဲ့အကြောင်းကို အော်ပြောနေရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပြီး ရွာသားတွေဝိုင်းလာတဲ့အခါ ဆိုင်ကယ်ယူပြီး ထွက်ပြေးသွားတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ 

ဗန်းမောက်မြို့နယ်အတွင်း ဓားပြတိုက်ခံရမှု စုစုပေါင်း ၄ ကြိမ်အထိဖြစ်ပွားခဲ့ပေမယ့်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိကြောင်းလည်း သိရပါတတယ်။ 

ဒေသခံတွေကတော့ ဒီဖြစ်စဉ်က ဗန်းမောက်မြို့နယ်အတွင်းမှာ တိုးများလာတဲ့ လောင်းကစားမှုတွေကြောင့်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *