ဗန်းမောက်မြို့နယ်တောင်ပိုင်းဒေသတိုက်ပွဲကြောင့်ဒေသခံအများစုမြို့ပေါ်အနီးဝန်းကျင်ကိုစစ်ရှောင်လာ 

ဇွန် ၂၈ ၊ ဗန်းမောက် 

ဗန်းမောက်မြို့နယ် တောင်ပိုင်းဒေသတွေမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် တိုက်ပွဲမဖြစ်ပွားတဲ့ ကျေးရွာတွေနဲ့ မြို့အနီးပတ်ဝန်းကျင်ရွာတွေကို တိမ်းရှောင်လာကြ တယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။ 

ဇွန်လ ၂၆  ၊ ၂၇ ရက်နေ့ တိုက်ပွဲတွေကြောင့် ဗန်းမောက်တောင်ပိုင်းဒေသဖြစ်တဲ့ ပေပင် ၊ ကျောက်အိုင်၊  သောင်ကြီး စတဲ့ကျေးရွာတွေက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်ကြတယ်လို့သိရပါတယ်။ 

“ ရွာကတွေမှာ အထုပ်ပြင်လို့ ပြေးတဲ့သူတွေက ပြေးကုန်ပြီ။ လယ်တောထဲကိုပါ့အေ။ အေးဘေးကင်းတာတော့ကင်းတာပေါ့လေ။ ယောကျာ်းတွေက အကုန်ပြေးကုန်တာပါ့” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

ထွက်ပြေးတိမ်းရှောင်သူတချို့က လယ်တောထဲမှာ သွားရောရှောင်နေကြပြီး ညနေပိုင်းအချိန်မှာ ကျေးရွာထဲကို ပြန်လာနေကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။ 

မနေ့က ဇွန်လ ၂၇ ရက်နေ့မှာ စီးမော်ကျေးရွာပတ်ဝန်းကျင်မှာတိုက်ပွဲဖြစ်ပွားပြီးနောက် အဲ့ပတ်ဝန်းကျင်ကျေးရွာဒေသခံတွေက ထပ်မံထွက်ပြေးကြတယ်လို့သိရပါတယ်။ 

ရှမ်းနီအသံ စုဆောင်းထားတဲ့ သတင်းအချက်အလက်အရ မြစ်သေးချင်းကျေးရွာ ၊ ပါဆင့်ကျေးရွာ ၊ လုံးကင်းအုပ်စု ရွှေကျောင်း ကျေးရွာတွေမှာ လာရောက်ခိုလှုံနေကြတယ်လို့ သိရပါတယ်။ 

သူတို့တွေနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး အရေအတွက်ကိုတော့  သိရှိဖို့ အခက်အခဲရှိနေပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *