အောက်တိုဘာ ၅ ၊ ဗန်းမောက်
ဗန်းမောက်မြို့နယ်တောင်ပိုင်း ပေါက်နက်ကုန်းကျေးရွာမှာ ခရီးကနေပြန်လာသည့် ရေတွင်းကုန်းကျေးရွာသားတစ်ဦးကို ဒေသတွင်းအခြေချထားသည့် တော်လှန်ရေးအင်အားစုများက အကြောင်းမဲ့ ရိုက်နက်ခဲ့မှုကြောင့် လက်ရှိတိုင်ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၂၈ ရက်နေ့က ရေတွင်းကုန်းကျေးရွာကိုပြန်လာသည့် အသက် ၂၆ နှစ်အရွယ် လူငယ်တစ်ဦးကို ပြောဆိုမှုတစ်စုံတစ်ရာမရှိပဲ ရိုက်နက်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိသူတစ်ဦးက ပြောပါတယ်။
ပေါက်နက်ကုန်းကျေးရွာအတွင်းရှိ ဆိုင်တစ်ခုအတွင်း ထိုင်နေသည့် PDF အဖွဲ့ဝင် နှစ်ဦးက ခရီးကပြန်လာသူ လူငယ်တစ်ဦးကို ခေါ်ယူပြောဆိုပြီးပြီး သေနတ်ဒင်ဖြင့် ဦးခေါင်း၊မျက်နှာတို့ကို ရိုက်နက်ခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ လူငယ်အမျိုးသားကို ရိုက်နှက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးက ရေတွင်းကုန်းနေအိမ်အထိ သွားရောက်ကာ တောင်းပန်ပေးခဲ့ပြီး ဆေးဝါးကုသစရိတ် ကူညီပေးမှုတွေလည်း ရှိခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိမှာ ဦးခေါင်းဒဏ်ရာက ပြင်းပြင်းထန်ထန်ရရှိထားပြီး ဆေးကုန်သမှုခံယူနေရတာလည်းဖြစ်ပါတယ်။
“ ရေတွင်းကုန်းက အရိုက်ခံရတာ အဲ့လိုမျိုး။ အခု သူက တတိယမြောက်လေ။ ခေါင်းတော်တော် ပိန့်သွားတယ်။ ဒဏ်ရာ တော်တော်ရတယ်ပြောတယ်။ သေနတ်ဒင်နဲ့ ရိုက်တာ။” လို့ ပေါက်နက်ကုန်းဒေသခံတစ်ဦးကပြောပြပါတယ်။
ဗန်းမောက်တောင်ပိုင်းဒေသမှာ PDF တွေက အခုလို အကြောင်းမဲ့ရိုက်နက်ခံရပြီး ပြန်တောင်းပန်ခဲ့တဲ့ ဖြစ်ရပ်က သုံးခုအထိရှိနေပြီလို့လည်း ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။