ဗန်းမောက်မြို့နယ်ရှိ စစ်ရှောင်စခန်း ၁၈ ခုကို ရှမ်းအရပ်ဘက်အဖွဲ့များ ကူညီ

ဒီဇင်ဘာ ၂ ၊ ဗန်းမောက် 

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့  ရှမ်းနီ၊  ကတူး၊ ကနန်းတိုင်းရင်းသား  စစ်ဘေးရှောင်များကို  နိုဝင်ဘာ ၂၈ ရက်နေ့က သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။ 

ဗန်းမောက်မြို့စစ်ဘေးရှောင်များကို ချင်းတွင်းဧရာအင်စတီကျူ့က ဦးဆောင်ပြီး ရှမ်းအရပ်ဘက်ကူညီရေးအသင်းအဖွဲ့မှ ပထမဦးဆုံးကူညီတာလည်းဖြစ်ပါတယ်လို့ ဒေသခံများကဆိုပါတယ်။

ချင်းတွင်းဧရာအင်စတီကျူ့က ဦးဆောင်ပြီး ရှမ်းအရပ်ဘက်အဖွဲ့စည်းမှာ စစ်ရှောင်နေရာပေါင်း ၁၈ နေရာ၊  အိမ်ထောင်စုပေါင်း ၇၃၂ စု၊ လူဦးရေ ၂၇၆၈ ယောက်ရှိပြီး ဆန်အိပ် ၅၁ အိတ် စားနပ်ရိက္ခာများသွားရောက်ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။ 

ဒါ့အပြင် ကျန်းမာရေးဆိုင်ရာ အမျိုးသမီးများလစဥ်သုံး ပစ္စည်း ၁၃၅ ထုပ်အား သွားရောက်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်စခန်းတွေမှာ ဆေးဝါးလိုအပ်ချက်တွေမြင့်မားနေသလို  အချို့ကလေးတွေမှာ အရေပြားရောဂါလည်းဖြစ်ပွားနေတယ်လို့   ချင်းတွင်းဧရာအင်စတီကျူ့က တာဝန်ရှိသူ တစ်ဦးကပြောပြပါတယ်။ 

“ စက်တောဘက်ကို သွားကူညီတာ ကလေးတွေ အရေပြားရောဂါတွေဖြစ်နေတယ်၊ ဆေးဝါးတွေလည်းလိုအပ်နေတယ်၊ အခြားစားနပ်ရိက္ခာတွေလည်းလိုအပ်နေတယ် ”  လို့သူကပြောပြပါတယ်။

ဗန်းမောက်မြို့အတွင်းမှာ စစ်ကော်မရှင်၊ SNA နှင့် KIA/PDF တို့နှစ်ဖက်ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *