
နိုဝင်ဘာ ၁၇ ၊ ဗန်းမောက်
NUG နဲ့ KIA တို့ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့နဲ့အနီးမှာရှိနေတဲ့ နတလ စခန်းကုန်းအပါအဝင် ကာကင်းစခန်းအများစုကို ရှမ်းနီအမျိုးသားများတပ်မတော် SNA ကပြန်သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။
“ ဒီနေ့ နေ့လည် ၁၂ နာရီကျော်လောက်မှာရတာ ၊ ဒီနေ့နေ့လည်မှ သိမ်းလိုက်တာ ၊မြို့တွင်းမှာတော့ PDF တွေရှိနေတုန်း၊ မြို့ဒီဘက် စက်တော ၊ နားယကာဘက်က နေရာတွေကို ပြန်သိမ်းပိုက်ခံလိုက်ရတာ”လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးကပြောပြပါတယ်။
ဗန်းမောက်မြို့ရဲ့အနောက်မြောက်ဘက်ထွက်ပေါက်ဖြစ်တဲ့ နတလကျောင်းတောင်ကုန်းအနီးမှာ PDF ပူးပေါင်းတပ်ဖွဲ့တွေက အခိုင်အမာခံစစ်တည်ဆောက်ထားတာဖြစ်တယ်လို့သိရပါတယ်။
နတလစခန်းကိုပြန်လည်လက်လွှတ်လိုက်ရချိန်မှာ အနီးနားကကျေးရွာတွေမှာရှိတဲ့နေအိမ််တချို့မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဆိုပါတယ်။
NUG ရဲ့ PDF နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ ဗန်းမောက်မြို့ကို စက်တင်ဘာလကုန်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးနောက် တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
