မပြေလည်သေးတဲ့ ဆွေးနွေးပွဲတွေကြား  Green Land သို့ ဥရောပတပ်များရောက်ရှိလာ 

ဇန်နဝါရီ ၁၆ ၊ AJ 

ဒိန်းမတ် ၊ ဂရင်းလန်း နဲ့ အမေရိကန်ပြည်ထောင်စုတို့ပါဝင်တဲ့ ဆွေးနွေးပွဲတွေမှာ သမ္မတထရမ်ရဲ့ အစိုးရနဲ့ မဟာမိတ်တပ်တွေကြား “​သဘောထားကွဲလွှဲမှု” တွေရှိနေဆဲအချိန်မှာ ဥရောပတပ်တွေဟာ Green Land ကို မနေ့ညက ရောက်ရှိလာကြပါတယ်။ 

ပြင်သစ်၊ ဂျာမနီနဲ့ အခြားဥရောပနိုင်ငံများမှ စစ်သားများတွေဟာ  အာတိတ်ကျွန်းရဲ့လုံခြုံရေးကို မြှင့်တင်ဖို့ ဂရင်းလန်းကို စတင်ရောက်ရှိလာကြတယ်လို့ဆိုပါတယ်။ 

ပြင်သစ်က စစ်သား (၁၅) ဦး၊ ဂျာမနီက (၁၃) ဦး စေလွှတ်ပြီး အာတိတ်ကျွန်းပေါ်ရှိ လုံခြုံရေးကို မြှင့်တင်ရန် နော်ဝေနဲ့ ဆွီဒင်တို့လည်း ပါဝင်ကြပါတယ်။ 

ဒီမစ်ရှင်က ဥရောပသမဂ္ဂအလံကို ဂရင်းလန်းမှာ စိုက်ထူဖို့ တပ်ဖွဲ့ဝင်များနဲ့အတူ နယ်မြေအသိအမှတ်ပြုလေ့ကျင့်ခန်းတစ်ခုအဖြစ် ဖော်ပြခဲ့ကြတာပါ။ 

ပြင်သစ်အာဏာပိုင်များက ခြေလျင်တပ်ဖွဲ့မှ စစ်သားများဟာ ဂရင်းလန်းရဲ့မြို့တော် နူးခ်မှာ ရောက်ရှိချိန် “ပထမဆုံး ပြင်သစ်စစ်ဘက်အစိတ်အပိုင်းများ လမ်းကြောင်းပေါ်ရောက်နေပြီ” ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။ 

EU တပ်ဖွဲ့ဝင်တွေကို  လျင်မြန်စွာ ချထားနိုင်ကြောင်း ပြသရန် နှစ်ရက်ကြာမစ်ရှင်ဟာ နည်းလမ်းတစ်ခုဖြစ်ကြောင်း ပြင်သစ်က ပြောပါတယ်။ 

တစ်ချိန်တည်းမှာပဲ ဂျာမနီကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ဂရင်းလန်းသို့ (၁၃) ဦးပါ ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ကို စေလွှတ်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဂရင်းလန်ကျွန်းက ကမ္ဘာပေါ်မှာ အကြီးဆုံးကျွန်း ဖြစ်ပြီး  ကမ္ဘာ့မြောက်ဖျား အာတိတ်စက်ဝိုင်းအတွင်းကို တစ်ကျွန်းလုံးလိုလို ကျရောက်နေတာပါ။

ရှေးအခါက ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံအစိုးရက ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်ခဲ့တာဖြစ်ပြီး  (၁၉၅၃) ခုနှစ်၊ ဇွန်လ (၅) ရက် နေ့မှာ  ကိုလိုနီစနစ်ကို ဖျက်သိမ်းကာ  ဂရင်းလန်ကျွန်းကို ဒိန်းမတ်နိုင်ငံထဲ သွတ်သွင်းခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *