မိုးညှင်းမြို့နယ်မြိုင်ရွာကဟင်းပြင်းသွားခူးတဲ့အမျိုးသမီးတစ်ဦးမိုင်းနင်းမိ 

ဧပြီ  ၆ ၊ မိုးညှင်း

မိုးညှင်းမြို့နယ် မြိုင်ရွာက အမျိုးသမီးတစ်ဦး ဧပြီလ ၅ ရက်နေ့မှာ ဟင်းပြင်းသွားခူးပြီးအပြန် တိုက်မိုင်းနင်းမိပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံရယူနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

“ နည်းနည်းဆင်းရဲနွမ်းပါးတဲ့အသိုင်းအဝိုင်းကပေါ့ဗျာ ၊ တောထဲတောင်ထဲသွားပြီး ဟင်းပြင်းခူးရောင်းနေရတယ်။  အဲ့မှာကလေးနှစ်ယောက်မိခင်ပေါ့  ဟင်းပြင်းခူးပြီး အပြန်မှာဖြစ်တာ ၊ တိုက်မိုင်းပေါ့ ခြေထောက်နဲ့တိုက်မိပြီးဖြစ်တာနွယ်ကြိုးကို ခန္ဓာကိုယ်မှာ ဒဏ်ရာတွေရတာပေါ့ဗျာ”​လို့  မြိုင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုင်းနင်းမိမှုကြောင့် မိုင်းစတွေ သူ့ခန္ဓာကိုယ်မှာ စိုက်ဝင်ထားပြီး  အသက်အန္တရာယ်လည်း  စိုးရိမ်ရတဲ့အနေအထားမှာရှိတယ်လို့ဆိုပါတယ်။ 

အဲ့ဒီအမျိုးသမီးက အသက်သုံးဆယ်ကျော်အရွယ်ဖြစ်ကာ ဟင်းပြင်းခူးရောင်းပြီး အသက်မွေးဝမ်းကြောင်းပြုနေသူတစ်ဦးလည်းဖြစ်တယ်လို့ဆိုပါတယ်။ 

မြိုင်ရွာအနီးတဝိုက်မှာ လှုပ်ရှားကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေမရှိပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်ဝန်းကျင်က မြိုင်ရွာအနီးမှာ တိုက်ပွဲအသေးစားတစ်ခုဖြစ်ပွားခဲ့ဖူးပါတယ်။ 

ဒီလိုမိုင်းနင်းမှုတွေဖြစ်ပွားပြီးတဲ့နောက် ဒေသခံတွေကြားမှာလည်း စိုးရိမ်မှုတွေရှိလာခဲ့တယ်လို့ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *