မိုးမောက်မြို့တွင်လေကြောင်းတိုက်ခိုက်မှုကြောင့်နေအိမ်၆လုံးပျက်စီးခဲ့ရပြီးလူငယ်တစ်ဦးဒဏ်ရာပြင်းထန်

မတ် ၂၆ ၊ မိုးမောက် 

မိုးမောက်မြို့နယ် ပန်ချိုးဟိုင်ကျေးရွာကို ယမန်နေ့ မတ်လ ၂၅ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ် ၆ လုံး ပျက်စီးခဲ့ရပြီး ကလေးငယ်တစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်ထံကနေ သိရှိရပါတယ်။

“ မနေ့ညက ပန်ချိုးဟိုင်မှာ လေယာဥ်နဲ့ လာကြဲတာလေ။ ပန်ချိုးဟိုင်တို့ နောင်ပေါတို့။ ဒီနေ့မနက်လည်း တစ်မနက်လုံး ပစ်နေတယ်။ အခုတော့ နည်းနည်း ပြန်ငြိမ်သွားပြီ။ ပွင့်သွားတယ်လို့ ပြောတယ် အိမ်တွေလည်း ခြောက်လုံး ပွင့်တယ်လို့ ပြောတယ်။ ဘုန်းကြီးကျောင်းရဲ့ ကားတွေရော ဘာတွေရော အကုန်လုံးထိတယ်လို့ ပြောတယ်ပါ့အေး” လို့ ဒေသခံ သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် လူနေအိမ် ၆ လုံးနှင့် ပန်ချိုးဟိုင်ကျေးရွာဘုန်းတော်ကြီးကျောင်းရဲ့ ကားအပါအဝင် တခြားထိခိုက်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၅ နှစ်အရွယ် အမျိုးသားတစ်ဦး ပြင်းထန်သည့် ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။ 

“ ကလေး တစ်ယောက်ကတော့ ထိတယ်။ ပေါင်တွေနှင့် ခြေထောက်တွေ ဖြတ်ရမယ်လို့တောင် ပြောတယ်။ ပေါင်ရင်းမှာလည်း ထိတယ်။ ခြေထောက်နှစ်ဖက်စလုံးတောင်မှ မွစာကိုကြဲသွားတာ အဲ့လိုမျိုးတောင် ဖြစ်သွားတယ် ခြေထောက်ကလေ။” လို့ ဖြစ်စဉ်ကို သိသူတစ်ဦးကပြောပါတဘ်။ 

နောင်ပေါနှင့် ပန်ချိုးဟိုင်နားတစ်ဝိုက်တွေမှာ တော်လှန်ရေးအင်အားစုတွေ ရောက်ရှိနေတာကို သတင်းရလို့ စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။ 

မတ်လ (၇)  ရက်နေ့က စတင်ပြီး စစ်ကောင်စီနှင့် (KIA+PDF)ပူးပေါင်းတပ်တွေကြား ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့်  အရပ်သားထိခိုက် သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုတွေဟာ မြင့်တက်နေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *