မိုးမောက်မြို့ရှိပေါ်ရှိထောင်နှင့်ချီတဲ့အရပ်သားများဗန်းမော်ကိုတိမ်းရှောင်

ဗန်းမော်မြို့ကို စစ်ဘေးတိမ်းရှောင်လာသည့် မိုးမောက်မြို့ခံများ

ဧပြီ ၂၉ ၊​ မိုးမောက် 

မိုးမောက်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်နေရာယူမှုတွေရှိလာတာကြောင့် အရပ်သားတွေဟာ ဗန်းမော်မြို့ဆီကို ထွက်ပြေးတိမ်းရှောင်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။ 

“  မြို့မှာပေါ် သူတို့က နေရာယူကြတော့ ရှောင်ပြေးနေကြရတယ်။ မြို့ပေါ်မှာ တပ်က နေရာယူထားတယ်  ၄၃၇ တပ်ရင်းတစ်ရင်းရှိတယ်။ မြို့ထဲမှာ နေရာပြန်သွားယူတော့တိုက်ပွဲတွေဖြစ်ကြတယ်” လို့ မိုးမောက်ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဧပြီလ ၂၄ ရက်နေ့ကစပြီး အရပ်သားများဟာ ဗန်းမော်မြို့ကို တဖြည်းဖြည်းပြောင်းရွေ့နေကြတာလည်းဖြစ်ပါတယ်။ 

မိုးမောက်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA+PDF ပူးပေါင်းတပ်တို့ရဲ့ တိုက်ပွဲကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများရှိသလို လက်နက်ကြီးကျည်ကြောင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်များလည်း ထိခိုက်ခဲ့ပါတယ်။ 

“ တော်တော်များများကတော့ ရောကက်ခဲ့ပြီး ။ နေရာအနှံ့ဖြစ်နေလို့မသိဘူး။ တချို့အိမ်မှာ တစ်ယောက်စ နှစ်ယောက်စ ပဲ လေးငါးအိမ်မှာ ၂၄ ရက်နေ့ ၊ ၂၅ ၊ ၂၆ ကတည်းက ပြေးကြပြီ” လို့ စစ်ဘေးတိမ်းရှောင်လာသည့် ရှမ်းနီတိုင်းရင်းသားတစ်ဦးကပြောပါတယ်။ 

ဗန်းမော်မြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ ဆွေမျိုးမိတ်ဆွေများ၏ နေအိမ်တွေမှာ ခိုလှုံနေကြရတာဖြစ်ပြီး အရေအတွက်အတတိအကျကိုတော့ မသိရှိရသေးပါဘူး။ 

၂၀၂၀ ခုနှစ်  ကချင်ပြည်နယ်အစိုးရရဲ့ လူဦးရေစာရင်းအရ မိုးမောက်မြို့ပေါ်မှာလူဦးရေ ကိုးထောင်ကျော်နေထိုင်နေကြောင်း သိရှိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *