မော်လူးမြို့က  ပကဖ ရုံး လေကြောင်းမှ တိုက်ခိုက်ခံရပြီး (၅ )ဦးသေဆုံး 

ဇန်နဝါရီ ၂၂ ၊ မော်လူး 

အင်းတော်မြို့နယ် မော်လူးမြို့က မာန်ဟဲရွာထိပ်ရှိ ပကဖရုံးကို လေကြောင်းတိုက်ခိုက်မှုတစ်ခု မနေ့က ဇန်နဝါရီလ (၂၂) ရက်နေ့ ညပိုင်းမှာဖြစ်ပွားခဲ့ပြီး  တပ်သား (၅ )ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။ 

မနေ့ည မာန်ဟဲရွာထိပ်ကရုံးတိုက်ခိုက်ခံရတာ၊  (၅) ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်”လို့ ဖြစ်စဉ်သိရှိသူ ဒေသခံစ်တစ်ဦးကပြောပြပါတယ်။ 

မာန်ဟဲရွာထိပ်ကို ည (၁၁) နာရီဝန်းကျင်ခန့်တွင် စစ်ကော်မရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Indaw revolution IR က ထုတ်ပြန်ထားပါတယ်။ 

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပကဖတပ်သား (၅)ဦး သေဆုံးပြီး အရပ်သား (၂ )ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Indaw revolution IR ကဆိုထားပါတယ်။ 

မော်လူးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ဒီလအတွင်းမှာ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး သေဆုံးသူ  (၆) ဦးနဲ့ ဒဏ်ရာရရှိသူလည်း (၆) ဦးအထိရှိနေပါတယ်။

အင်းတော်မြို့နယ်ထဲက မော်လူးမြို့ကို (၂၀၂၃ )ခုနှစ်ကတည်းက NUG ၊KIA+PDF နဲ့ ABSDF ပူးပေါင်းတပ်တွေက စစ်ကိုင်းတိုင်းထဲ အစောဆုံးသိမ်းပိုက်ခဲ့တဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်။ 

ဇန်နဝါရီ (၂၀)ရက်နေ့ကလည်း အင်းတော်မြို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကောလင်းမြို့စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာကြောင့် ပဖက တပ်သား (၉) ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေမှာဖော်ပြနေကြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကမြို့နယ်တွေဖြစ်တဲ့ ကောလင်း ၊​ အင်းတော်၊ ကသာ ၊​ဗန်းမောက် မြို့နယ်တွေမှာ တိုက်ပွဲတွေပြန်လည်ပြင်းထန်နေပြီး ဗန်းမောက်မြို့ကို SNA က မြို့ထက်ဝက်ကျော်ကို ပြန်လည်သိမ်းပိုက်ထားတယ်လို့လည်း  စုံစမ်းသိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *