မြစ်ကြီးနားနမ့်ပေါင်လေတပ်စခန်းရှော့တိုက်ဒုန်းဖြင့်ပစ်ခတ်ခံရ

NBPDF တပ်ဖွဲ့များ၏ ရှော့တိုက်ဒုန်းတချို့ကို စစ်ကောင်စီတပ်များသိမ်းဆည်း

ဧပြီ ၁၉ ၊ မြစ်ကြီးနား

မြစ်ကြီးနား နမ့်ပေါင်လေတပ်စခန်းကို Northern Brothers People’s Defense Forces အဖွဲ့က ဒီနေ့ ဧပြီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းနဲ့  ဒုတိယအကြိမ်မြောက် အနီးကပ်ဝင်ရောက်ပစ်ခတ်နိုင်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

“ အသံတော့ကြားလိုက်တယ်။ ကြားတယ်။ တစ်ခေါက်တည်းကြားလိုက်တယ် ပြိန်းဆိုပြီးတော့ ရှော့တိုက်ဒုန်းနဲ့ချတာလေ” လို့ မော်ဖောင်းကျေးရွာနေထိုင်သူ တစ်ဦးက ပြောပါတယ်။ 

လေတပ်တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရဘူးလို့ ဆိုပါတယ်။ 

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်းရှိ နမ့်ပေါင် လေတပ်စခန်းဟာ  မော်ဖောင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးမှာရှိတာလည်းဖြစ်ပါတယ်။ 

နမ့်ပေါင်လေတပ်စခန်းကို  KIA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြန်လည်စတင်တဲ့ မတ်လ ၇ ရက်နေ့မနက်ပိုင်းမှာလည်း ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *