မြစ်ကြီးနားမြို့တွင် စက်သုံးဆီစျေးဆမတန်ထိုးတက်ပြီး ရောင်းချ

မတ်လ ၄၊ မြစ်ကြီးနား

မြစ်ကြီးနားမြို့မှာ ဒီမနက်ပိုင်းမှစတင်ကာ ဆီပန့်ဆိုင်တွေအကန့်အသတ်ဖြင့် ရောင်းချမှုတွေရှိနေပြီး အပြင်ဆိုင်တွေမှာ စျေးအဆမတန်ထိုးတက်ရောင်းချမှုတွေရှိနေတယ်လို့ ဒေသခံများမှ သိရပါတယ်။

“မနေ့တစ်နေ့ကမှ ဆီဆိုင်တွေမှာ တစ်လီတာမှ( ၆၀၀၀) နဲ့ (၇၀၀၀) ကြားပဲရှိသေးတာကို ဒီနေ့ကအဲ့ဒါတိုးလို့ကို မရတော့ဘူး တစ်ချို့ဆိုပိတ်ကုန်ပြီ အပြင်မှာ( ၁ )လီတာဗူးနဲ့ ထောင်ရောင်းတဲ့ဟာ တွေက တစ်ဗူးကို  (၁၃၀၀၀) လောက်ရောင်းနေတာ ဒါတောင်မပြည့်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

တချို့ဆီပန့်ဆိုင်တွေမှာ ဆီလက်ကျန်များရှိနေပေမယ့်လည်း ရောင်းချပေးခြင်းမရှိဘူးလို့သိရပြီး စီးပွားရေးသမားတွေရဲ့ လုပ်ကွက်ဖြစ်တယ် လို့ဒေသခံများက သုံးသပ်ပြောဆိုနေကြတာလည်းဖြစ်ပါ တယ်။

အဆိုပါ မြို့နယ်ထဲကို တရုတ်နယ်စပ် ကံပိုက်တည်ဂိတ် နဲ့  ရန်ကုန်၊ သီလဝါဆိပ်ကမ်းမှ စစ်ကိုင်းတိုင်းအစပ် နန့်စီးအောင်ဂိတ်မှတစ်ဆင့် စက်သုံးဆီများကို တင်သွင်းတာဖြစ်တယ်လို့သိရပါတယ်။

ယခုအခါ တရုတ်နယ်စပ်မှ လည်းတိုက်ပွဲအခြေအနေများကြောင့်ဆီဘောက်ဆာ ကားဖြတ်သန်းခွင့် မကြာခဏ ပိတ်လေ့ရှိပြီး ဝင်ရောက်ချိန်မှာအချိန်ကြန့်ကြာ မှုတွေရှိနေတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့  ရက်သတ္တပတ်အတွင်း မြစ်ကြီးနားလေဆိပ် ပိတ်ထားတာ ၂ ပတ်ကျော်ကြာမြင့်လာတာနဲ့အမျှ   တိုက်ပွဲများကြား လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှု အခက်အခဲများကြောင့် ဒေသခံများမှာ စိုးရိမ်မှုတွေ မြင့်တက်နေတာလဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *