မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုအပြီး အရပ်ဘက်ပစ်မှတ်အား တိုက်ခိုက်မှုအပေါ်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ဖေဖော်ဝါရီ (၂၇) ၊ မြစ်ကြီးနား

မြစ်ကြီးနားလေဆိပ် တိုက်ခိုက်ခံရမှုအပြီး အရပ်ဘက်ပစ်မှတ်တွေအပေါ် တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို   ပြင်းထန်စွာကန့်ကွက်ကြောင်း သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များ၊ တိုင်းရင်းသား အဖွဲ့အစည်းများနဲ့ ဒေသခံတစ်ချို့ ဆန္ဒထုတ်ဖော်ခဲ့ကြတယ် လို့ ဒေသခံများမှသိရပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ (၂၇) ရက်၊ မနက် (၉) နာရီအချိန်တွင် လူ (၅၀) ကျော်ဝန်းကျင်နဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“မိုးလုံလေလုံအားကစားကွင်းကနေသွားတာ  စုရပ်အနေနဲ့စုပြီး မြစ်ကြီးနားလေဆိပ်အရှေ့ မလိခပန်းခြံမှာ သွားပြတာ” လို့ နီးစပ်ရာဒေသခံတစ်ဦးကပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ အရပ်ဘက်ပစ်မှတ်တွေကို   အဓိကထားတိုက်ခိုက်ခဲ့တဲ့အတွက် ကန့်ကွက်ခဲ့ကြပြီး  FPV အသေခံဒရုန်းဖြင့် မြစ်ကြီးနားလေဆိပ်ကို တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဆိုင်းဘုတ်မှာ ကနဦးတွင် (KIA) နာမည်တပ်ထားပေမယ့် ဆန္ဒထုတ်ဖော်ခါနီးမှာ စတစ်ကာတွေနဲ့ ပြန်လည်အုပ်ထားပါတယ်။ 

ဆန္ဒပြပွဲဟာ ခဏတာကြာမြင့်ပြီးနောက်  အဲ့ဒီနားတဝိုက်မှာ အစစ်အဆေးများရှိနေခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

မြို့ထဲမှာတော့ မတွေ့ဘူးနော်ကြားတော့ကြားတယ်။ ဒီမှာတော့ ပုံမှန်ပဲသွားလာနေကြတာ လေဆိပ်ကိုတော့ ခုကသွားလို့တော့ရတယ် အစစ်အဆေးတော့အရင်ကထက်စစ်တာပေါ့ လေဆိပ်မှာကျန်နေတဲ့ ပစ္စည်းအဟောင်းတွေတော့ သွားထုတ်လို့ရတယ် ဖွင့်ပေးတယ်လေ” လို့ မြစ်ကြီးနားမြို့အတွင်း နေထိုင်သူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀) ရက်၊ ည (၉) နာရီအချိန်ခန့်က FPV အသေခံဒရုန်း ကျရောက်ပေါက်ကွဲမှုကြောင့် ပျံသန်းခါနီး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ် ထိမှန်ခဲ့ခြင်းကြောင့် ယနေ့ထိ မြစ်ကြီးနားလေဆိပ်ကို ယာယီပိတ်ထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်အပြီး (KIA )ထိန်းချုပ်နယ်မြေတွေကို  စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *