မြန်မာမပါတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးစတင် 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး Photo – Internet

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေမပါပဲ ဒီနေ့ ဖေဖော်ဝါရီ (၁၇) ရက်နေ့မှာ စတင်ကျင်းပနေပြီဖြစ်ပါတယ်။ 

အာဆီယံအလှည့်ကျ ဥက္ကဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့မြို့တော် ဖနွမ်းပင်မှာ ကျင်းပပြုလုပ်နေပါတယ်။​

ဒီအစည်းအဝေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ အပြင် မြန်မာနိုင်ငံရဲ့ အာဆီယံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာ ပရက်ဆော့ခွန်းက ဦးဆောင်တာလည်းဖြစ်ပါတယ်။​

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးပွဲရဲ့ ဆွေးနွေးမှုတွေမှာ  မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအကြောင်း လွှမ်းမိုးနိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဒီနေ့မှာ ဖော်ပြခဲ့ပါတယ်။ 

ဒီအစည်းအဝေးပွဲကို စစ်ကောင်စီ ထိပ်တန်း ခေါင်းဆောင်တွေတက်ရောက်ခွင့်မရတဲ့အတွက် တက်ရောက်မှာမဟုတ်တဲ့အပြင် နိုင်ငံရေးနဲ့ ပတ်သက်ဆက်နွယ်ခြင်းမရှိသူကိုလည်း စေလွှတ်မှာမဟုတ်တဲ့အကြောင်း ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

ကျင်းပနေတဲ့ အစည်းအဝေးပွဲမှာ နိုင်ငံတချို့က လူကိုယ်တိုင်တက်ရောက်နေပြီးတော့ ဗီယက်နမ် ၊​ ထိုင်း နဲ့  ဘရူနိုင်းဝန်ကြီးတွေကတော့ အွန်လိုင်းကနေပဲ ပါဝင်တက်ရောက်ခဲ့ကြတာပါ။ 

အာဆီယံဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်မဖော်မခြင်း အာဆီယံဆိုင်ရာ ထိပ်တန်းအစည်းအဝေးတွေကို စစ်ကောင်စီတက်ရောက်ခွင့်မပြုဖို့ သဘောတူထားကြပါတယ်။​

Leave a Reply

Your email address will not be published. Required fields are marked *