
မတ် ၄ ၊ လန်ဒန်
ယူကေအစိုးရက ပဋိပက္ခတွေမြင့်တက်နေတဲ့ မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန် ၊ ကင်မရွန်း နဲ့ ဆူဒန်နိုင်ငံက လူတွေကိုပညာသင်ကြားခွင့်ဗီဇာထုတ်ပေးတာတွေ ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ရှဘာနာမာမွတ်က ဒီနေ့မှာ ပြောဆိုလာကြောင်း ဘီဘီစီသတင်းတစ်ရပ်က ဆိုပါတယ်။
ပြည်ထဲရေးရုံးက ကျယ်ပြန့်တဲ့ ဗီဇာအလွဲသုံးစားမှုတွေရှိခဲ့ပြီး အဲ့ဒီအတွက် အရေးယူလုပ်ဆောင်မှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
တရားဝင်ကိန်းဂဏန်းများအရ ယူကေနိုင်ငံကို ပညာသင်ကြားဖို့ ရောက်ရှိလာပြီးနောက် နိုင်ငံလေးနိုင်ငံမှ လူတွေဟာ ခိုလှုံခွင့်တောင်းခံရန် အလားအလာအရှိဆုံးဖြစ်ပါတယ်။
“ယူကေဟာ အမှန်တကယ် အကူအညီလိုအပ်နေသူများကို ကူညီရာမှာ သူတို့ရဲ့စွမ်းရည်နဲ့ ဂုဏ်ယူဖွယ်အစဉ်အလာကို ထိန်းသိမ်းဖို့အတွက် အစိုးရက ဗီဇာအလွဲသုံံးစားလုပ်မှုကို အရေးယူနေတယ်”လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောပါတယ်။
အစိုးရရဲ့ထုတ်ပြန်ချက်တွင် မူလက UK ကို တရားဝင်သွားရောက်ခဲ့သူများထံ ပညာသင်ကြားခြင်းလို တစ်စုံတစ်ခုလုပ်ဆောင်ဖို့နဲ့ ခိုလှုံခွင့်တောင်းခံမှုများဟာ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သုံးဆကျော်တိုးလာနေပါတယ်။
ဒီကိန်းဂဏန်းများအရ ပညာသင်ကြားခွင့်ဗီဇာနဲ့ ခိုလှုံခွင့်တောင်းခံသူတွေဟာ စုစုပေါင်းရဲ့ ၁၃% ရှိနေတာပါ။
မာမွတ်ကတော့ “ကျွန်မတို့ရဲ့ ရက်ရောမှုကို အမြတ်ထုတ်ရန် ရှာဖွေနေသော နိုင်ငံသားများအတွက် ဗီဇာများကို ငြင်းပယ်ဖို့ မကြုံစဖူးဆုံးဖြတ်ချက်ကို ချမှတ်နေတာဖြစ်တယ်” လို့ပြောပါတယ်။
သတ်မှတ်ထားသော နိုင်ငံ(၄)နိုင်ငံမှ ခိိုလှုံနေသူ တစ်သောင်းခြောက်ထောင်ရှိတယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ်ကစပြီးတော့ ကျောင်းသားဗီီဇာနဲ့ ခိုလှုံခွင့်လျှောက်ထားသူ မြန်မာနိုင်ငံမှ ကျောင်းသား/သူ ၁၆ ဆရှိနေတယ်လို့ ယူကေအစိုးရကပြောပါတယ်။
