မြန်မာ့ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းရေးတရုတ်နိုင်ငံရဲ့ကြားဝင်ဆောင်ရွက်မှုကိုကြိုဆိုထောက်ခံတယ်လို့ FPNCC ဆို 

မတ် ၁၇ ၊ ပန်ခမ်း 

မြန်မာ့ပြည်တွင်းပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံတယ်လို့ “o” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSA ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ ( FPNCC) က မတ်လ ၁၆ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပန်ခမ်းမြို့မှာ မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပတဲ့ FPNCC လုပ်ငန်းအစည်းအဝေးပွဲအပြီး ထုတ်ပြန်လာတာလည်းဖြစ်ပါတယ်။ 

ကိုဗစ်ကပ်ရောဂါကာလအတွင်း တရုတ်နိုင်ငံက ပေးအပ်ခဲ့တဲ့နှောင်ကြိုးမဲ့ အကူအညီအတွက် ကျေးဇူးတင်သလို တရုတ်အစိုးရနဲ့ ဆက်လက် လက်တွဲပြီးတော့ နယ်စပ်ဒေသတည်ငြိမ်ရေးအပါအဝင် ကျန်းမာရေး၊ ကုန်သွယ်ရေးနှင့်  ကဏ္ဍအသီးသီးကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်တည်ထောင်ရေးအတွက် အကောင်အထည်ဖော်ရာမှာလည်း လူနည်းစုတိုင်းရင်းသားတွေရဲ့ အင်အားနဲ့အစွမ်းအစတွေကိုသာ အားကိုးရမှာဖြစ်တယ်လို့လည်း ပြောဆိုထားပါတယ်။ 

FPNCC အဖွဲ့ဝင် (၇)ဖွဲ့ဖြစ်တဲ့  “ဝ” ပြည်သွေးစည်းညီညွတ်ရေးကော်မတီ (UWSP)၊ ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊  ရှမ်းအရှေ့ အထူးဒေသ (၄)ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC) ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) တို့တက်ရောက်ခဲ့တာလည်းဖြစ်ပါတယ်။ 

https://www.facebook.com/shannivoicenewsjournal/posts/pfbid02bLZeBcUMUor7FKeRBiprAtTGWcd3KHhrDScQiK57VmWz3CBwdXXA5GqmUKJEZxFCl

Leave a Reply

Your email address will not be published. Required fields are marked *