ရှမ်းပြည်နယ်ကနေဖားကန့်မြို့နယ်ကိုသယ်လာတဲ့ငွေကျပ်သိန်း၇၄၀၀ကျော်တန်ဖိုးရှိဘိန်းဖြူတွေကိုဖမ်းမိ

မေ ၃၀ ၊​ ဖားကန့် 

ရှမ်းပြည်နယ် တောင်းပိုင်းကနေ ကချင်ပြည်နယ် ဖားကန့်မြို့ကို သယ်ဆောင်လာတဲ့ ငွေကျပ်သိန်း ခုနှစ်ထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို ဖမ်းမိတယ်လို့  မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗဟိုက မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။​

မေလ ၂၃ ရက်နေ့က ဖားကန့်မြို့နယ် ယူမာကျေးရွာက ဦးဝင်းဦး မောင်းနှင်ပြီးနော မမူဒါန် နဲ့  ကိုတေဇာလင်းတို့ လိုက်ပါလာတ့ မော်တော်ယာဉ်ကို ရှာဖွေရာမှာ ဘိန်းဖြူ ၁၉.၈ ကီလိုကရပမ်သိမ်းဆည်းမိခဲ့တယ်လို့ပြောပါတယ်။ 

အဲ့လိုသိမ်းဆီးရမိတဲ့ ယူမာကျေးရွာမှာပဲ ရောင်းဝယ်သူ ကိုထွန်းထွန်းထိုက် နဲ့ မနန်းမိုးမိုးအေးကို ဆက်လက်ဖမ်းဆီးရပြီးတဲ့နောက် စစ်ဆေးချက်တွေအရ ဆိပ်မူကျေးရွာက မအေးပန့်ရဲ့ နေအိမ်မှာကျန်နေတဲ့ ဘိန်းဖြူ ၉.၉ ကီလိုဂရမ်ကို ထမ်မံသိန်းဆည်းရခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ 

ဘိန်းဖြူစုစုပေါင်း ၂၉.၇ ကီလိုဂရမ်ဖြစ်ပြီး ဒေသကာလတန်ဖိုး ကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိတယ်လို့လည်း သိရပါတယ်။ 

မေလအတွင်းမှာ ကချင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုက မေလ ၁၆ ရက်နေ့က ဖမ်းဆီးရမိတဲ့ ငွေကျပ် (၁) ဘီလံလျံ ပြီးရင် ဒီဖမ်းဆီးရမိမှုက ဒုတိယအများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ 

အာဏာသိမ်းပြီးတဲ့နောက်မှာ ဘိန်းစိုက်ပျိုမှုတွေက တိုးလာပြီး စုစုပေါင်း ၂ ရာခိုင်နှုန်းတိုးလာပြီး  မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုအပါအဝင် သုံးစွဲမှုတွေလည်းပိုများလာတယ်လို့ UNODC ရဲ့ စစ်တမ်းအရ သိရပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *