လေးကေ့ကော်ဒေသအနီးက ကျေးရွာတွေမှာ စစ်ကော်မရှင်က တစ်ရက်တည်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု (၄)ကြိမ်အထိရှိခဲ့ 

ဇန်နဝါရီ ၂၈၊ မြဝတီ

ထိုင်း-မြန်မာနယ်စပ်  မြဝတီမြို့နယ် လေးကေ့ကော်ဒေသအနီးက မင်းလက်ပံကျေးရွာမှာ စစ်ကော်မရှင်နဲ့ KNU တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်ရက်တည်းမှာ စစ်တပ်ကဂျက်ဖိုက်တာ (၃ )စီးနဲ့ ဗုံးကြဲတိိုက်ခိုက်မှု လေးကြိမ်အထိရှိခဲ့တယ်လို့ အနီးအနားကျေးရွာရှိ ဒေသခံတွေကဆိုပါတယ်။ 

အဲ့ဒီဒေသမှာ တိုက်ပွဲဖြစ်ပွားနေတာ ရက်သတ္တပတ်ကြာမြင့်နေပြီဖြစ်ပြီး  ဒီနေ့ဇန်နဝါရီ (၂၈ )ရက် မနက် (၉ )နာရီဝန်းကျင်မှာ လေကြောင်းကနေ  တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဘားအံ့ဘက်ကနေ စစ်ကြောင်း သုံးကြောင်းတက်လာပြီး ဒီဘက်ကိုလာထိုးလာလို့ဖြစ်တာ အဲ့ရွာက ဘယ်သူမှတော့မရှိတော့ဘူး။ အစက (၂ )လုံးပဲလာပစ်တာ နောက်ထပ် (၂)လုံးက နည်းနည်းကြာတယ် “လို့ သူကဆိုပါတယ်။

လက်ရှိအချိန်အထိ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ နေအိမ်ပျက်စီးဆုံးရှုံး မှုတွေ နဲ့ ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ပါတယ်။

လက်ရှိမှာ ရွာအဝင်ကို စစ်ကော်မရှင်တပ်တွေက  ဂိတ်ထိုင်ထားပြီး ကျေးရွာအတွင်းဝင်ရောက်နိုင်ရန် ဘတ်(၃၀၀၀) ပေးဆောင်ရတယ်လို့ သိရပါတယ်။

အဲ့ဒီကျေးရွာမှာ မြဝတီ- ထိုင်းနယ်စပ် ကုန်သွယ်ရေးလမ်းဟောင်းပေါ်မှာတည်ရှိပြီး အိမ်ခြေ (၄၀၀) ဝန်းကျင်ရှိတယ်လို့သိရပါတယ်။

မင်းလက်ပံနဲ့ ဖလူးကျေးရွာက ကျားဖြန့်ဆိုက်တွေကို (KNU) သိမ်းပိုက်ထားတာကြောင့် စစ်ရေးတင်းမာနေတာဖြစ်တယ်လို့ ဒေသခံများကပြောဆိုနေကြပါတယ်။

အဆိုပါကျေးရွာဒေသခံများအပြင် လေးကေ့ကော်နဲ့ ကော့ကရိတ်က ဒေသခံများဟာ မယ်ထော်သလေးကျေးရွာအုပ်စုထဲက အင်ကြင်းမြိုင်ကျေးရွာက ဘုန်းကြီးကျောင်းမှာ စစ်ဘေးတိမ်းရှောင်နေကြကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *