ဝိုင်းမော်ခလရ(၅၈)တပ်ရင်းအနီးတိုက်ပွဲပြင်းထန်

ဇန်နဝါရီ ၁၂၊ ဝိုင်းမော်

ဝိုင်းမော်မြို့နယ်ရှိ ခလရ (၅၈) တပ်ရင်းရဲ့ ကာကင်းစခန်းနေရာတွေမှာ  စစ်ကော်မရှင်တပ်နဲ့  KIA+PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပေါက်ကွဲသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။ 

“ ငြိမ်နေတာ ၂ ရက်လောက်တော့ရှိပြီ။  ဒီမနက်တစ်မနက်ခင်းလုံးပဲ အကြီးအကျယ်ချနေတာ။  တအားနီးနေတယ်ခါတိုင်းကငါတို့ဒီနားကနေမပစ်ဘူးလေ။ ခုကမှန်ပြတောင်ဘက်ကနေ ပစ်နေတယ်လို့ကြားရတယ်။  လက်နက်ငယ်သံတွေလည်းကြားရတယ်လေ” လို့ သူကဆိုပါတယ်။

ဧရာဝတီမြစ်တစ်ဖက်ကမ်းဝိုင်းမော်ဘက်ခြမ်းက ဗလမင်းထင်တံတားနားရှိ မိုင်းနားကျေးရွာ၊ မှန်ပြတောင်မှာ စစ်တပ်ကတပ်ထိုင်ထားတာဖြစ်ပြီး လက်နက်ကြီးများဖြင့်ပစ်ကူနေတယ်လို့ သိရပါတယ်။

ခလရ(၅၈) တပ်ရင်းရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ ဝိုင်းမော်-လိုက်ဇာလမ်းက စခန်းတွေနဲ့ ကန်ပိုက်တီလမ်းက စခန်းတွေကြားမှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာလည်းဖြစ်ပါတယ်။ 

အဲဒီတပ်ရင်းဟာ  တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့ကို သွားတဲ့လမ်းမှာရှိပြီး ဝိုင်းမော်မြို့ပေါ် နဲ့ ၄မိုင်ခန့်သာ ဝေးတာပါ။ 

ဝိုင်းမော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေမှုကြောင့် မြစ်ကြီးနားမြို့နဲ့ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားပေါ်တွင် စစ်ဆေးမှုတွေ ယခင်က ထက်တင်းကြပ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်နယ်စပ်မှ တင်လာသောကုန်စည်တွေနဲ့ ဘိလပ်မြေတင်  တွဲကားတွေကို အဲ့ဒီတံတား ပေါ်မှာ လတ်တလောဖြတ်သန်းခွင့်တွေ ပိတ်ထားတယ်လို့ သိရပါတယ်။

“ ဘိလပ်မြေစျေးက  ငါတို့ဘက်မှာစေ◌ျးပေါ့တယ် ၂သောင်းကျော်ပဲရှိတာ ဟိုဖက်ကမ်းမှာ အဲ့ထက်စျေးများတယ်။  ဟိုဘက်ဒီဘက်တောင် မတူဘူး တစ်အိတ်မှ သယ်ခွင့်မပေးဘူးပြောတယ်” လို့ ဝိုင်းမော်ဘက်ခြမ်းဒေသခံတစ်ဦးက ဆိုပါတယ်။

ကချင်ပြည်နယ်အတွင်း ဖားကန့်၊ ဝိုင်းမော်၊ လုံးခင်းနဲ့  အင်းတော်ကြီးဒေသတွေမှာ စစ်ကော်မရှင်နဲ့ KIA တို့ နှစ်ဖက်တိုက်ပွဲများအရှိန်မြင့်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *