ဟုမ္မလင်းမြို့နယ်နမ့်တောဒေသမှာဒေသခံတွေနဲ့လုပ်ငန်းရှင်တွေဆီငွေကြေးကောက်ခံမှုကို SNA  သတိပေး 

မေ ၁၀ ၊ ဟုမ္မလင်း 

ဟုမ္မလင်းမြို့နယ် နမ့်တောဒေသက ဒေသခံတွေနဲ့ လုပ်ငန်းရှင်တွေဆီကို အဖွဲ့အစည်းတစ်ခုက ငွေကြေးကောက်ခံမှုကို SNA က သတိပေးစာတစ်စောင် ဒီနေ့ မေလ ၁၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ 

မေလ ၈ ရက်နေ့က နမ့်တော( အမက ) စာသင်ကျောင်းတွင်းမှာ ဒေသခံတွေကို စုဝေးစေပြီး လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက ငွေကြေးကောက်ခံရေးအတွက် သတိပေးပြောကြားခဲ့ပြီး ဒီလုပ်ရပ်ကို ဒေသအပေါ် မတည်မငြိမ်ဖြစ်စေတာ ၊ ဝန်ထုတ်ဝန်ပိုးဖြစ်စေတာလို့  SNA က ပြောပါတယ်။ 

ရှမ်းနီဒေသတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကာလအခြေအနေအရ ဒီအဖွဲ့အစည်းတွေရဲ့ သွားလာလှုပ်ရှားမှုတွေကို အတိုင်းအတာတစ်ခုအထိ နားလည်ပေးထားပြီး ဒေသတွင်းမတည်မငြိမ်ဖြစ်စေမည့်လုပ်ရပ်တွေကို ကန့်ကွက်တယ်လို့လည်း ဖော်ပြထားပါတယ်။ 

ရှမ်းနီဒေသတွင်း ဖွံ့ဖြိုးရေး နဲ့ တည်ငြိမ်ရေး နှောက်ယှက်သူတွေ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့လည်းပြောဆိုထားပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *