ဟုမ္မလင်းမြို့နယ်ရှိဖရဲသီးစိုက်ပျိုးတောင်သူများမျိုးစေ့ပျက်လပ်မှုနှင့်ကြုံ

ဟုမ္မလင်းမြို့နယ်က စိုက်ပျိုးထားသည့် ဖရဲသီးမျးကိုတွေ့ရစဉ်

အောက်တိုဘာ ၁၉ ၊ ဟုမ္မလင်း 

တရုတ်-မြန်မာ ကုန်သွယ်မှု လမ်းအားလုံး ပိတ်ထားခြင်းကြောင့် ဟုမ္မလင်းမြို့နယ်ရှိ ဖရဲစီးစိုက်ပျိုးတောင်သူများက မျိုးစိတ်ပျက်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း တောင်သူများထံမှ သိရသည်။ 

“ တရုတ်ဘက်မလာတော့ ထိုင်းဘက်က လာတဲ့မျိုးစေ့နဲ့စိုက်ရတယ်။ ငါးရာကျော် ငါးရာအနည်းဆုံးပါတယ်လို့ပြောတယ်။​ စျေးကွက်ကလည်း လုံးကြီးလုံးသေးသွားကွာတာကိုး မနှစ်က လုံးကြီးက ပေါ်ခါစ အချိန်မှီလို့ရင် လေးငါးထောင်ဆိုတာ အနည်းဆုံး အောက်ထစ်ရောင်းရတာကိုး ၊ ထိုင်းဘက်က လာတဲ့ မျိုးစေ့ကတော့ မနှစ်ကရောင်းရတာမှ နှစ်ထောင်နဲ့ သုံးထောင်ပဲရှိတယ်။အလုံးငယ်တာကိုး သူက” ဟု ဟုမ္မလင်းမြိုန့ယ်က ဖရဲစိုက်တောင်သူတစ်ဦးကဆိုသည်။ 

လွန်ခဲ့သည့်နှစ်များက ဟုမ္မလင်းမြို့တွင်  စျေးကောင်းရသည့် တရုတ်နိုင်ငံထုတ် ဖရဲမျိုးစေ့များကို အဓိကစိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။ 

တရုတ်-မြန်မာနယ်စပ်ဂိတ် စုစုပေါင်း (၈) ခုရှိသည့်အနက် (၇) ခုကို ဇူလိုင်လက ယာယီပိတ်ထားခဲ့ပြီးနောက် အောက်တိုဘာလ (၆) ရက်နေ့တွင် တစ်ခုတည်းကျန်ရှိသည့် ချင်းရွှေဟော်ဂိတ်ကိုလည်း ထပ်မံပိတ်လိုက်ကြောင်း သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *