ဇူလိုင်၂ ၊ အင်းတော်ကြီး
အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာ နှင့် မမုန်ကိုင်ကျေးရွာတို့တွင် Covid19 အတည်ပြု လူနာ (၆) ဦးတွေ့ရှိကြောင်း ဒေသအာဏာပိုင်များထံမှသိရသည်။
“ သူတို့တွေက ဗန်းမောက်မှာ ရွှေတွင်းသွားကြည့်တဲ့သူတွေပါ့ညယ် ၊ ပြန်လာတော့ သူတို့ကို ကျောင်းကြီး မှာ ကွာလတင်းထားထားတယ်။ မိုင်းနောင်ကလည်း မိုင်းနောင်ကျောင်းကြီးမှာ ၊ မမုန်ကိုင်လည်း မမုန်ကိုင်ကျောင်းမှာထားတာ” ဟု ၎င်းကဆိုသည်။
အတည်ပြုလူနာ (၆) ဦးလုံးကို ကွာလတင်းစင်တာမှ မိုင်းနောင်ကျေးရွာအထွက်ရှိ ဗိုလ်တဲကုန်းမူလတန်းကျောင်းတွင် ထားရှိထားကြောင်း သိရသည်။
မိုင်းနောင်ကျေးရွာတွင်လည်း Covid19 ကာကွယ်ရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီဟုလည်း ၎င်းကဆိုသည်။
အတည်ပြုလူနာများသည် ဗန်းမောက်မြို့နယ်ရှိ Covid19 ရောဂါပိုးစတင်ပျံ့ခဲ့သည့် KTV ကိုသွားရောက်ခဲ့သူများဖြစ်ကြောင်း သိရသည်။