အင်းတော်ကြီးနန့်မွန်းမြို့ကအမျိုးသားတစ်ဦးသေနတ်နဲ့လိုက်ပစ်ခံရ 

မေ ၂၉ ၊​အင်းတော်ကြီး

အင်းတော်ကြီးဒေသ နန့်မွန်းမြို့ စျေးကွက်သစ်ရပ်မှာ နေတဲ့ အမျိုးသားတစ်ဦး ဒီနေ့ မေလ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာ နေအိမ်မှာ ရှိနေတဲ့အချိန်သေနတ်နဲ့ လိုက်ပစ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

“ အတိုနဲ့လိုက်ပစ်တာ ၊ လက်မှန်တယ်ပြောတယ် လေးငါးချက်ပစ်တာမှာမောင် ၊ အခုဟိုပင်ဆေးရုံမှာလို့ ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။ 

ပစ္စတိုနဲ့ နေအိမ်အတွင်းမှာပစ်ခံရတာဖြစ်ပြီး ပတ်ဝန်းကျင်ကလည်း အဲ့ပစ်တဲ့ သေနတ်သံကိုကြားမိတယ်လို့ပြောဆိုကြပါတယ်။ 

အဲ့ဒီအမျိုးသားကို  လာပစ်တဲ့အဖွဲ့အစည်းကိုလည်း မသိရသေးသလို ဘယ်လိုကြောင့်ပစ်ခံရသလဲဆိုတာလည်း စုံစမ်းနေဆဲဖြစ်ပါတယ်။ 

နန့်မွန်းမြို့မှာ ဗုံးခွဲမှုတွေက အာဏာသိမ်းပြီးတဲ့နောက် အနည်းဆုံး (၃) ကြိမ်ဖြစ်ပွားခဲ့ပြီလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *