အင်းတော်ကြီး ရွှေမဥ္ဇူရေလည်ဘုရား ထီးတော်သစ်ပြန်လည်တင်မည် 

DCIM\100MEDIA\DJI_0741.JPG

ဒီဇင်ဘာ ၂၊ မိုးညှင်း

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ရွှေမဉ္ဇူရေလည်ဘုရား စေတီတော်ရဲ့ ထီးတော်အသစ်ကို လာမယ့်နှစ်ဆန်းပိုင်းမှာ  ထီးတော်တင်ပွဲပြုလုပ်သွားမယ်လို့ သိရပါတယ်။​

ပြန်လည်တင်လှူပူဇော်ဖို့ ပြင်ဦးလွင်မြို့က အလှူရှင်တွေက  မန္တလေးမြို့ကနေမှ ပင့်ဆောင်လာတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ထီးတော်အသစ်ကို နိုဝင်ဘာ ၁၆ ရက်နေ့ကနေ ပင့်ဆောင်ခဲ့ပြီး ဟိုပင်မြို့ရှိ မဟာစည်သာသနာ့ရိပ်သာ ကျောင်းတိုက်မှတစ်ဆင့် နေ့လည်  ၂ နာရီတွင် အင်းတော်ကြီး နန့်ပတဲရွာ အောင်ဇမ္မူကျောင်းသို့ ပူဇော်ထားရှိနေတာပါ။ 

လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်( မြန်မာနှစ် ၁၃၈၇ ခုနှစ် တပေါင်းလဆန်း ၁၀ ရက်)နေ့မှာ ထီးတော်တင်ပွဲကို ကျင်းပမှာဖြစ်ပြီး  စည်ကားသိုက်မြိုက်စွာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနှစ် ၁၂၃၀ ခုနှစ် (ခရစ်နှစ် ၁၈၆၄ ခု)  နယုန်လဆန်း ၆ ရက်နေ့မှာဘုရားရဲ့ ထီးတော်ကို စတင်တင်လှူခဲ့တာဖြစ်ပြီး ဉာဏ်တော်မှာ အမြင့် ၁၅ ပေကျော်ရှိတယ်လို့ သိရပါတယ်။ 

မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်မှာ ထီးတော်အသစ်ကို ထပ်မံတင်လှူခဲ့သလို နဝတစစ်အစိုးရခေတ်မှာလည်း ထီးတော်အသစ် တင်လှူပူဇော်ခဲ့တယ်လို့ သိရပါတယ်။ 

ဘုရားပွဲတော်ကိုတော့ နှစ်စဉ်နှစ်တိုင်း တပေါင်းလဆန်း (၈) ကနေ့ လပြည့်နေ့အထိ ကျင်းပလေ့ရှိပြီး ၂၀၂၁ ခုနှစ်ကစလို့ ဒီနှစ်အထိ ဘုရားပွဲတော်ကို  ပျော်ပွဲရွှင်ပွဲ နဲ့ ကဇာတ်တွေ၊ ပွဲတော်တွေမပါဘဲ  အကျဉ်းချုံးသာကျင်းပနေတာလည်းဖြစ်ပါတယ်။ 

Leave a Reply

Your email address will not be published. Required fields are marked *