





မေး။ ဘယ်လိုအဆောက်အဦး မျိုးတွေ ပျက်စီးသွားတာတွေ့ရသလဲ ၊ ပျက်စီးမှု အခြေနေလေးကကော ဘယ်လောက်ထိ ပျက်စီးသွားသလဲ။
ဖြေ။ အဆောက်အဦးတွေကတော့ အများကြီးပေါ့။ အိမ်တွေလည်းအများကြီး ပျက်စီးတယ်၊ သူတို့အိမ်တွေက အိမ်တံရှည်တွေလည်းဖြစ်တဲ့အပြင် တချို့အိမ်တွေက ဝါးလေးတွေနဲ့ ဆောက်ထားတာကိုး အဲ့လိုအဆောက်အဦးတွေလည်း ပျက်စီးတယ်။ ဘုရားကျောင်းကန် တွေလည်း ပျက်စီးသွားတာတွေ မြင်ခဲ့ရတယ် တချို့ကျောင်းဆိုရင် ကျောင်းဆောင်တစ်ဆောင်လုံး ပျက်စီးသွားတာတွေ ရှိတယ် ၊တစ်ချို့ကျောင်း ဆို ဆွမ်းစားဆောင်ပဲ ပျက်စီးသွားတာတွေ၊ တိမ်ကျောင်း ပျက်စီးတာတွေ အဲ့လိုမျိုးတွေ အများကြီးပါပဲ ။
မေး ။ အခုဆို ငလျင်လှုပ်ပြီး တစ်ပတ်ကျော် နှစ်ပတ် ကြာလာတဲ့အခါ မှာ အကူအညီတွေကကော ဘယ်လိုရနေသလဲ။
ဖြေ ။ အကူအညီတွေကတော့ အများကြီး ရပါတယ်။ သူတို့ဆီမှာ ပြည့်စုံလုံလောက်နေပြီပေါ့ ။အခု ဦးဇင်းဆီမှာ သူတို့အကူအညီတောင်း ခဲ့တာပေါ့နော် လာလှူူမဲ့သူတွေကိုပြောပေးစေချင်တဲ့ ဆန္ဒလေးတွေပေါ့ အခုဆို စားရေးသောက်ရေးတွေ က အကုန်လုံး ပြည့်စုံနေပြီ ၊ ကျန်တာ ဆေးဝါးလေးတွေ နဲ့ အိမ်ဆောက် ပစ္စည်းတွေပေါ့ ၊ တချို့လည်း ဝါးလေးတွေ လှူပေးရင်ကောင်းတယ်ပေါ့ ၊ တချို့လည်း အိမ်ပြန်ပြင်ဖို့ ပိုက်ဆံလေး ထောက်ပံ့ပေးရင် ကောင်းတယ်ပေါ့ အဲ့လိုလေး ပြောကြတာတွေ ရှိတယ်ပေါ့ ။ ပြည့်စုံအောင်ထောက်ပံ့ကြတယ်ဆိုပေမဲ့ တချို့လူတွေမရကြဘူးပေါ့။ ဒါကတော့ အထူးပြောချင်တာပေါ့ အင်းလေး လူနေမှုပုံစံက သူတို့က အိမ်တစ်အိမ် ကို အကြီးကြီးဆောက်ကြတယ် ပြီးတော့ မိသားစု လိုက်ကြီးနေကြတာပေါ့ မိသားစု ဆိုတာက သားတွေသမီးတွေ သားရဲ့မိသားစု၊ သမီးရဲ့မိသားစု၊ အဖေရဲ့မိသားစု အဲ့လိုမျိုးတွေပေါ့ တစ်အိမ်ထဲမှာ လေး၊ ငါး၊ ခြောက် စုလောက် နေကြတာပေါ့နော် လှူဒါန်းတဲ့သူတွေအနေနဲ့ သွားလှူကြရင် မိသားစု လိုက် လှူမှာလား၊ အိမ်ခြေအတိုင်းတာနဲ့ လှူမှာလား အိမ်ခြေ အတိုင်းအတာနဲ့ လှူမယ်ဆိုရင် အဲ့ဒီအိမ်မှာ မိသားစု ခြောက်စုနေကြတယ်ဆိုရင် အဲ့ဒီထဲမှာ နာမည်ပေါက်ထား စာရင်းဝင်ထားတဲ့ အိမ်ထောင်ဦးစီးပဲ ရတယ် ကျန်တဲ့ အိုးကွဲလေးတွေ မရဘူးပေါ့ အဲ့လိုတွေ မဖြစ်စေချင်ဘူးပေါ့လေ ထောက်ပံ့တဲ့သူတွေ အနေနဲ့လည်း အကုန်လုံးတော့ မထောက်ပံ့နိုင်ကြဘူးပေါ့ မသိတာလည်း ရှိမှာပေါ့လေ အဲ့လိုအခက်အခဲလေးတွေ ရှိတာပေါ့လေ။ အဲ့လိုမျိုး မဖြစ်အောင် လှူတဲ့အခါမှာ စကားပြောရမှာပေါ့ အခုလှူလိုက်တာက တစ်အိမ်လုံး အတွက် ဝေစားရမယ် ဝေစုရကြရမယ် အဲ့လိုမျိုးတွေကို တွင်တွင်ကျယ်ကျယ် ပြောစေချင်တယ်ပေါ့ အကုန် သက်ဆိုင်တယ် ဆိုတာမျိုးတွေပေါ့ ၊၊ အကူအညီ တော့ အများကြီး ရကြပေမဲ့ ဒီလိုလေးတွေ ရှိတယ်ဆိုတာ သိစေချင်တယ်ပေါ့။
မေး ။အင်းလေး ဒေသ မှာ တခြားဒေသ နဲ့ယှဥ် ရင် ကူညီ ကယ်ဆယ်ရေးတွေ ဘယ်လိုအနေအထား မျိုးတွေ့ရသလဲ။
ဖြေ ။ အတူတူပါပဲ ပြည်သူတွေအနေနဲ့ ခွဲခြားဆက်ဆံမှု မရှိပါဘူး သူတို့မရောက်နိုင်တာ မသိနိုင်တာ ပဲရှိမှာ အထောက်အပံ့တွေတော့ အများကြီးရောက်ကြပါတယ် သူတို့မသိလိုက်ရတာလေး တွေပဲ ရှိမှာပါ ။
မေး ။အင်းလေး မှာ ရွာလုံးကျွတ် ပျက်သွားတယ် လို့ ကြားတယ် ရွာဘယ်လောက်လို့ ကြားမိသေးလဲ။
ဖြေ ။ သွားတာ နှစ်ရက် ထဲဆိုတော့ အကုန်လုံးတော့ မသိခဲ့ရဘူး ငလျင်ဘေးဒဏ်သင့် ခဲ့တာက (၁၁) ရွာ လောက်ရှိတယ်။ သရက်ကြီးကျေးရွာ ဆိုရင် အကုန်လုံး ပြိုကျသွားတယ် တစ်ရွာလုံးနီးပါး အိမ်ခြေတော်တော်များတယ် ပျက်စီးသွားတဲ့အထဲ မှာ (၃) အိမ်ကျန်တယ်ပေါ့ အဲ့ဒီအိမ်ကလည်း မကောင်းတော့ဘူးလေ နေလို့မရတော့ဘူး၊ ကျောင်းကော အကုန်ပါသွားတယ် တစ်ရွာလုံး တစ်ကျောင်းလုံး ပါသွားတယ် အဲ့ဒီရွာက ။
မေး ။ သရက်ကြီးကျေးရွာ ကကော ဘာတွေအရေးတကြီးလိုအပ်နေသလဲ ၊၊
ဖြေ ။ သူတို့ပြောပြချက် ကတော့ အစားအသောက်ကတော့ ပြည့်စုံ ပြီပေါ့လေ ။ဆေးဝါးတွေ အခုနောက်ပိုင်း ဆို ရေတွေမသန့်တော့လေ ယားနာတွေ ဖြစ်တယ် ဆေးတွေလိုတယ်ပေါ့ ။ရေသန့် လေးတွေ အဲ့တာလေးတွေပေါ့၊ အိမ်ပြန်ဆောက် ဖို့အတွက် ပိုက်ဆံ ဒါမှမဟုတ် ဝါး လေးတွေပေါ့ အဲ့လိုလေး လှူပေးရင် ပိုကောင်းတယ်ပေါ့။
မေး ။ အင်းလေးဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်း စနိုင်တော့မယ်လို့ တွေ့မြင်မိပါသလား။
ဖြေ ။ သူတို့ပြောပြသလောက်ကတော့ ပြန်လုပ်ဖို့ကတော့ လွယ်တော့မလွယ်ဘူး ကြားခဲ့သလောက်ကတော့ အစိုးရက နေရာပြန်ပေးမယ်လို့ ပြောပါတယ် ဘာကြောင့်လည်းဆိုတော့ အခုသူတို့ နေတဲ့နေရာ က ငလျင် ကြီးကြီးမားမား လှုပ်သွားတော့ မြေကျွံမှုတွေ ဖြစ်တယ်ပေါ့ သူတို့တွေ ကရေပေါ်မှာနေကြတာလေ ကျွန်းမျှောလေးတွေမှာ အိမ်ဆောက်ပြီး နေကြတာ ဆိုတော့ အများကြီးကျွံကျသွားတော့ မြေမာမရှိတော့ဘူးပေါ့ ဘယ်လောက်တောင် ကျွံသွားသလဲ ဆိုလို့ရှိရင် ဝါးတစ်ပြန်စာ (၁၈)ပေ ထိုးကြည့်တာတောင် မြေမာ မတွေ့ဘူး လို့ပြောပါတယ် အဲ့လိုဆိုတော့ အိမ်ဆောက် ဖို့မလွယ်တော့ဘူး အစိုးရ ကနေရာ ပြန်ပေးမှ မြန်မြန်ပေးရင် မြန်မြန်ရကြလိမ့်မယ် လို့တော့ မြင်ပါတယ်။
မေး ။ငလျင်ကူညီကယ်ဆယ်ရေး နဲ့ ပတ်သက်ပြီး မန္တလေး၊စစ်ကိုင်း တောက်လျှောက် သွားတယ် ပေါ့လေ အခုနောက်ပိုင်း အင်းလေး အခုငလျင်က မြန်မာ ပြည်သူလူထုတွေ အပေါ် ဘယ်လောက် ထိ ထိခိုက်သွားတယ် လို့ ယူဆပါသလဲ။
ဖြေ။ ထိခိုက်သွားတာကတော့ အရင်ဆုံး သာသနိက အဆောက်အအုံတွေပြောရမှာ ပေါ့နော် မန္တလေးမှာ ဆိုရင် နာမည်ကြီးတဲ့ ဘုရား မဟာမြတ်မုနိဆိုရင် အကြီးစား ထိခိုက်မှုတွေ ရှိတယ်၊ စစ်ကိုင်း မှာဆိုရင် ဆွမ်းဦးပုညရှင် ဆိုရင် ရွှေဉာဏ်ပတ်တော် အထိကို ပြုတ်ကျသွားတာ တွေရှိတယ်ပေါ့ ၊ရှမ်းပြည် ဘက်ဆိုလို့ရှိရင် အင်းလေးဖောင်တော်ဦး ပေါ့နော် ပျက်စီး မှုတွေ အများကြီး ရှိတယ် သာသနာ အဆောက်အအုံ အနေနဲ့ ထိခိုက်မှု ၊ သံဃာအနေနဲ့ ကြည့်မယ်ဆိုရရင် သံဃာတွေ အများကြီး သေဆုံးကြတာတွေ ရှိတယ် ကျောင်းတိုက်တွေ အများကြီး ပြိုကျတာတွေ ရှိတယ် ဆရာလေးတွေ ဆရာကြီး တွေ အများကြီးဆုံးရှုံး ကြတယ်ပေါ့နော် ဒါတွေက မြန်မာနိုင်ငံ ရဲ့ထိခိုက်မှုလို့ပဲ ပြောရမှာပေါ့ နော် ။ လူတွေအနေနဲ့ ကြည့်လိုက်မယ် ဆိုရင် အဆောက်အဦး ပေါင်း များစွာ သူဌေးသူကြွယ် တွေ အားလုံး ထိခိုက်ကြတာပဲလေ ။ ဒါတွေထိခိုက်ကြတဲ့ အပေါ်မှာ ကူညီပံ့ပိုးကြတဲ့နေရာမှာ ပြည်ပက ပိုများတာပေါ့ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ သူမကယ် နိုင် ကိုယ်မကယ်နိုင် ထိခိုက်ကြတယ် ဆိုတော့လေ ဒီနေရာမှာ ကျေးဇူးတင်စကား ဆိုချင်တာကတော့ ပြည်ပ က အလှူရှင် ပုဂ္ဂိုလ် တွေကို ပေါ့ သူတို့ပဲ တော်တော်များများထောက်ပံ့ကြတယ်ပေါ့ မြန်မာနိုင်ငံ ထိခိုက်မှုတွေမှာ သူတို့ပဲ ထောက်ပံ့ကြတာ များတာပေါ့နော် မြန်မာနိုင်ငံမှာ တစ်ယောက်ကိုယ်တစ်ယောက် မကူညီနိုင်လောက် ကို ထိခိုက်မှုရှိသွားတာပေါ့ နော် ။
အခုလို အချိန်ပေးပြီးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား။