
ဇန်နဝါရီ ၂၉ ၊ အီရန်
အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် အမေရိကန်ပြည်ထောင်စု၏ ဖြစ်နိုင်ချေရှိတဲ့ တိုက်ခိုက်မှုမှန်သမျှကို “ချက်ချင်းနှင့် အားကောင်းစွာ” တုံ့ပြန်ရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံအပေါ် စစ်ရေးအရ အရေးယူရန် ခြိမ်းခြောက်မှုကို ထပ်မံအတည်ပြုပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါသတိပေးချက် ထွက်ပေါ်လာခဲ့တာလည်းဖြစ်သည်။
အာရေဗျပင်လယ်သို့ ဖြန့်ကျက်ထားတဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Abraham Lincoln ဟာ မကြာသေးမီရက်များအတွင်း ချဉ်းကပ်ဦးတည်ခဲ့တာလည်းဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က “ရေတပ်သင်္ဘောအုပ်စု” တစ်ခု အီရန်သို့ ဦးတည်လာနေကြောင်း သတိပေးခဲ့ပြီး အစိုးရအပေါ် စစ်ရေးအရ အရေးယူဆောင်ရွက်နိုင်ကြောင်း ခြိမ်းခြောက်ခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာအရှေ့အလယ်ပိုင်းမှာ ရက်ပေါင်းများစွာကြာ လေကြောင်းစစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့်အချိန်၌ သတင်းထွက်ပေါ်လာတာပါ။
တီဟီရန်နှင့် အမေရိကန်အကြား ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အီရန်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Tasnim ၏ အဆိုအရ သိရပါတယ်။
အာရှကုန်သွယ်ရေးတွေမှာ ရေနံဈေးနှုန်းများသည် ကြာသပတေးနေ့တွင် တတိယမြောက်နေ့အဖြစ် ၁.၅ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့ပြီး အမေရိကန်ဟာ အရှေ့အလယ်ပိုင်းဒေသမှ ရေနံထောက်ပံ့မှုကို အနှောင့်အယှက်ဖြစ်စေနိုင်မည့် စစ်ရေးတိုက်ခိုက်မှုတစ်ခု ပြုလုပ်နိုင်တဲ့ စိုးရိမ်မှုများ တိုးပွားလာနေချိန်လည်းဖြစ်ပါတယ်။
