အိန္ဒိယနိုင်ငံအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လေကြောင်းမှ ပြန်ပို့

အိန္ဒိယ မီဇိုရမ်ပြည်နယ်တွင်းသို့ နယ်ကျော်ကျွန်ရောက်သွားတဲ့ မြန်မာစစ်သား ၁၅၁ ယောက် မြန်မာပြည်သို့ ပြန်လည်ပို့ဆောင်ခဲ့ပြီလို့သိရပါတယ်။

မြန်မာစစ်သားများကို စစ်ကောင်စီက မီဇိုရမ်ပြည်နယ် လန်ပူးလေဆိပ်မှာ သွားရောက် ခေါ်ဆောင်ရန် အိန္ဒိယ အစိုးရများနှင့် သဘောတူညီမှု ရယူပြီး ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တယ်လို့လဲ ဆိုပါတယ်။

ဒေသတွင်းသတင်းအရင်းမြစ်များ ပြောကြားချက်အရ စစ်ကောင်စီတပ်သား ၁၅၀ ကျော်က ချင်းပြည်နယ် ပလက်ဝမှာ PDF တပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုများကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင်းသို့ နယ်ကျော် ထွက်ပြေးခဲ့ရတယ်လို့လဲ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က ရက္ခိုင့်တပ်တော် AA ၊ PDF ပူးပေါင်းမဟာမိတ်တပ်အင်အားစုတို့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅၁ ယောက် မီဇိုရမ်ပြည်နယ် အာဆမ်ရိုင်ဖယ်တပ်တွေရှိတဲ့ လောင်တလိုင်းဘက်ကို ထွက်ပြေးသွားတာဖြစ်တယ်လို့လဲ သိရပါတယ်။

အိန္ဒိယအခြေစိုက် ဒေသခံသတင်းများဖော်ပြချက်အရ ဒဏ်ရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အာဆမ်ရိုင်ဖယ်တပ်တွေက လိုအပ်တဲ့ကျန်းမာရေးဆေးဝါးကုသမှု ပြုလုပ်ပေးလိုက်တယ်လို့လဲ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလမှာ တော်လှန်ရေးအင်အားစုများရဲ့ နှစ်နိုင်ငံနယ်စပ် တိုက်ပွဲများကြောင့် စစ်ကောင်စီ အရာရှိအချို့အပါဝင် တပ်သား ၁၀၄ ဦး မီဇိုရမ်ပြည်နယ်ထဲကို တိမ်းရှောင်ထွက်ပြေးမှုတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *