ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာ လေကြောင်းမှ တိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ 

ဩဂုတ် ၂၁ ၊ ကျောက်မဲ 

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်က နောင်ပိန်ကျေးရွာအုပ်စု ပင်တီးကျေးရွာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ Tai Youth Yangon က သတင်းထုတ်ပြန်လာပါတယ်။ 

အခုလို ထိခိုက်မှု များပြားတာဟာ အရပ်ဘက်၊ စစ်ဘက်ပစ်မှတ်တွေကို စုံစမ်းလေ့လာမှု အားနည်းတာတွေကို တွေ့ရတယ်လို့ သူတို့အဖွဲ့က ပြောပါတယ်။

 ပင်တီးကျေးရွာ ဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဟာ TNLA ရဲ့  အရပ်သားပြည်နယ်တွေ နယ်မြေတွေအတွင်း သိသာထင်ရှားတဲ့ စစ်ဆေးရေးဂိတ် ၊ လုံခြုံရေးဂိတ်ဖွင့်ထားတာ ၊ စစ်တပ်က ကောင်းကင်မှ ထောက်လှမ်းမှုတွေကို ပြုလုပ်နေတာ သိရက်ဖြင့် အုပ်စုလိုက်သွားလာနေတာတွေကြောင့်လည်း ပါဝင်တယ်လို့ TYN က ဆိုပါတယ်။ 

လေကြောင်းတိုက်ခိုက်ခဲ့သော မြန်မာစစ်တပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြိး အရပ်သားပြည်သူများ ထိခိုက် သေဆုံးခဲ့ရမှုအပေါ် တာဝန်ယူ၊ တာဝန်ခံရမယ်လို့” ထုတ်ပြန်ထားပါတယ်။ 

ရှမ်း မြောက်ပိုင်းဒေသတွင်း တိုက်ပွဲများအား အလေးအနက်ထားကာ အသေအချာ စောင့်ကြည့်နေပြိး လိုအပ်ချက်များအပေါ် အကူအညီများ ပေးနိုင်ရေး အတွက်လည်း ပြင်ဆင်နေယ်လို့ဆိုထားပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းက TNLA ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မိုးကုတ်၊ သီပေါ ၊​ကျောက်မဲ မြို့နယ်တွေမှာ ဩဂုတ်လကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာနေတာလည်းဖြစ်ပါတယ်။ 

မိုးကုတ်မြို့မှာလည်း တစ်လအတွင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀ ကျော်သေဆုံးထားခဲ့ပြီး သီပေါ နှင့် ကျောက်မဲမြို့နယ်တွေမှာလည်း ၂၀ ဦးထက်မနည်းသေဆုံးထားတာလည်းဖြစ်ပါတယ်။ 

စစ်တပ်က ကျောက်မဲမြို့ကို တိုက်ခိုက်မယ့်သတင်းတွေထွက်ပေါ်လာနေသလို ဂုတ်တွင်းအနီးမှာလည်း စစ်ရေးတွေ တင်းမာနေတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။  

Leave a Reply

Your email address will not be published. Required fields are marked *