ဖားကန့်မြို့မှာ အိမ်မီးလောင်မှုဖြစ်ပွားပြီး (၃)လသားအရွယ် ကလေးငယ်တစ်ဦးသေဆုံး

အောက်တိုဘာ ၁၆ ၊ ဖားကန့် 

ကချင်ပြည်နယ်၊ဖားကန့်မြို့၊မရှီကထောင် ၊  ရေအေးချောင်ရပ်ကွက်အတွင်းမှာ ယနေ့ အောက်တိုဘာလ(၁၆)ရက်နေ့မှာ အိမ်မီးလောင်မှုဖြစ်ပွားပြီး (၃)လသားအရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့တယ်လို့ မြို့ခံများထံမှ သိရပါတယ်။

ယနေ့မနက်ပိုင်း(၈)နာရီဝန်းကျင်အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကလေးငယ်မှာ မီးလောင်မှုထဲဆုံးပါးသွားတာဖြစ်ကြောင်း ဆိုပါတယ်။

သုံးလသားအရွယ် ကလေးလေးပါသွားတယ် မီးကိုတော့ဝိုင်းငြိမ်းလိုက်ကြတယ်ပြောတယ်”ဟု ရပ်ကွက်အနီးနေထိုင်သူတစ်ဦးက ပြောပြပါတယ်။

မီးလောင်တဲ့နေအိမ်ကိုတော့ လောင်ကျွမ်းမှုကို အချိန်မှီမီးငြိမ်းသတ်နိုင်ခဲ့ပြီး ပရိဘောဂအချို့တို့ကို ပြန်လည်ရရှိခဲ့တယ်လို့လည်း သိရပြီး မည်သို့မီးစတင်လောင်ကျွမ်းခဲ့ခြင်းကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ 

အောက်တိုဘာလ ၁ ရက်နေ့ကလည်း မိုးညှင်းမြို့နယ် ဟိုပင်မြို့ရှိ မြို့မတောင် အလယ်ပိုင်းရပ်ကွက်တွင်  ဒီနေ့အောက်တိုဘာလ(၁)ရက် ညနေ(၄)နာရီဝန်းကျင်အချိန်မှာ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားပြီး နေအိမ်(၄)လုံးပြာကျပျက်စီးခဲ့တယ်လို့ မြို့ခံများထံမှ သိရပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ ဇူလိုင်လအထိ ခုနစ်လအတွင်းမှာ မြန်မာနိုင်ငံတစ်ဝန်းတွင်  မီးလောင်မှု ၆၇၇ ကြိမ် ဖြစ်ပွားပြီး လူ ၅၄ ဦး သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ်စက်တင်ဘာလ (၁၃) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာမှာ စစ်ကောင်စီနဲ့  KIA+PDF ပူးပေါင်းတပ်ဖွဲ့များရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့်   ကျေးရွာအတွင်းရှိရပ်ကွက် (၃)တစ်ရပ်ကွက်လုံးနီးပါးနဲ့ ရပ်ကွက်(၄)ရှိ နေအိမ်တစ်ချို့တို့ နေအိမ်ရာနဲ့ချီ မီးလောင်ပြာကျပျက်စီးခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *