မြန်မာနဲ့ အာရှနိုင်ငံတွေမှာ ငွေကြေးလိမ်လည်မှုကင်းစင်ရေး အမေရိကန်နဲ့ ဗြိတိန်တို့ အရေးယူ

အောက်တိုဘာ ၁၆ ၊ ရန်ကုန် 

မြန်မာနဲ့ အရှေ့တောင်အာရှဒေသတွေက ငွေကြေးလိမ်လည်မှု(ကျားဖြန့်)အန္တရာယ် ကင်းရှင်းစေဖို့ရည်ရွယ်ပြီးတော့ အမေရိကန်နဲ့ ဗြိတိန်တို့က ပူးတွဲအရေးယူမှုတွေပြုလုပ်ခဲ့ကြောင်း မနေ့က ကြေညာလာပါတယ်။ 

ကျားဖြန့်ကွန်ရက်တွေကြီးထွားလာတာဟာ နိုင်ငံဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ဖို့၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့ဆောင်ရွက်တာလို့ ဆိုပါတယ်။

ဒေါ်လာသန်းချီတန် စီးပွားရေးအဖွဲ့ဖြစ်တဲ့ ကမ္ဘာဒီးယားအခြေစိုက် Prince Holding Group နဲ့ သူ့နဲ့ စပ်ဆက်တဲ့ ဘေကျင်းကုမ္မဏီတစ်ခုကို ကျားဖြန့်နဲ့ ဆက်စပ်မှုနဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာဖြစ်ပါတယ်။ 

ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုအပေါ် Prince Holding Group နှင့် ၎င်း၏ဥက္ကဋ္ဌ Chen Zhi ကို အမေရိကန်နှင့် ဗြိတိန်တို့ လုံလောက်သော အထောက်အထားများ ရှိရန် မျှော်လင့်ကြောင်း ကမ္ဘောဒီးယားအစိုးရက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုထားပါတယ်။

လိမ်လည်မှုလုပ်ငန်းတွေဟာ နိုင်ငံနယ်နိမိတ်များကိုလျစ်လျူရှုပြီး လည်ပတ်နေကြတာဖြစ်ပါတယ်။ ဒါဟာ လူ့အခွင့်အရေး၊ စီးပွားရေးတိုးတက်မှုနဲ့ အမျိုးသားရေးလုံခြုံမှုကို တန်းတူခြိမ်းခြောက်နေတဲ့ တရားမဝင်ငွေစီးဆင်းနေမှုတွေ ဖြစ်တာကြောင့် စုပေါင်းညှိနှိုင်းလုပ်ဆောင်မှုများနဲ့အတူ ဟန့်တားရမဲ့ နိုင်ငံဖြတ်ကျော်ခြိမ်းခြောက်မှုတစ်ခုဖြစ်ပါတယ်” လို့ ယူကေ နိုင်ငံခြားရေးဝန်ကြီး Stephen Doughty က ပြောပါတယ်။ 

 ၂၀၂၃ ခုနှစ်အတွင်း အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသတစ်ခုတည်းမှာပင် ဆိုက်ဘာဆိုင်ရာလိမ်လည်မှုများကြောင့် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၇ သန်း ဆုံးရှုံးခဲ့ပြီး  ဒေသတွင်းမှ အစပြုသောလိမ်လည်မှုမတွေဟာ ကမ္ဘာတစ်ဝန်း ပိုမိုကြီးမားသောဆုံးရှုံးမှုများစွာကို ဖြစ်ပေါ်လာစေတယ်လို့ ဗြိတိန်ကပြောပါတယ်။ 

အရှေ့တောင်အာရှအခြေစိုက် ငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် ကမ္ဘာတစ်ဝှမ်းမှ ပတ်မှတ်ထားခံရသူများကို ကျယ်ကျယ်ပြန့်ပြန့် နည်းစနစ်ကျကျ လိမ်ညာလှည့်ဖြားနေတယ်လို့လည်း ထပ်လောင်းဆိုထားပါတယ်။ 

မြန်မာနိုင်ငံနယ်စပ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာလည်း အွန်လိုင်းလောင်းကစားနဲ့လိမ်လည်မှုတွေကြီးထွားလာနေတယ်လို့ သတင်းထွက်ပေါ်လာသလို လိမ်လည်မှုအတွက်အဓိကအသုံးပြုတဲ့ စတားလင့်အင်တာနက်များကို ပိုမိုတိုးချဲ့ အသုံးပြုလာမှု အမေရိကန်ကွန်ကရက်က စတင် စုံစမ်းစစ်ဆေးနေတယ်လို့သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *